အာဆင်နယ် ခြေစွမ်းတိုးတက်မလာဘဲ နောက်ပြန်သွားနေဟု ဖာဒီနန် ဝေဖန်

အာဆင်နယ်အသင်းဟာ ခြေစွမ်းတိုးတက်လာမှုမရှိဘဲ နောက်ပြန်သွားနေတဲ့အသင်း ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ဖာဒီနန်က ဝေဖန်လိုက်ပါတယ်။ BT Sport ရဲ့ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဖာဒီနန်က အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ ဂိုးမရှိသရေကျတဲ့ ပွဲအပြီးမှာ အခုလို ဝေဖန်လိုက်တာပါ။ မိမိသာ အာဆင်နယ်ပရိသတ်ဖြစ်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘာတွေတိုးတက်လာတာ ရှိသလဲလို့ မေးခွန်းထုတ်မှာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဘောလုံးရာသီတခုပြီးတခု ကုန်ဆုံးသွားပေမယ့် တိုးတက်မှုမရှိတဲ့အသင်း ဖြစ်တယ်လို့ ဖာဒီနန်က ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်ကစားသမားတွေနဲ့ နည်းပြ အာစင်ဝင်းဂါးတို့ဟာလည်း ဆုဖလားရအောင် လုပ်ပြနိုင်ခြင်း မရှိဘူးလို့ ဖာဒီနန်က ဆက်ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက မန်စီးတီးနဲ့ ၁၉ မှတ်အထိ ကွာဟနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up