DVB Logo
Home
မြန်မာသတင်း
နေပူရှိန်မြင့်​တက်​နေမှုဟာ အန္တရာယ်ရှိတဲ့​အဆင့်​ကို ​ရောက်​နေပြီ
DVB
·
April 20, 2012
နေပူရှိန်မြင့်​တက်​နေမှုဟာ အန္တရာယ်ရှိတဲ့​အဆင့်​ကို ​ရောက်​နေပြီ
1 / 2
Donate to DVB

နေ့​စဉ်ရက်ဆက် ​နေပူချိန်တက်ပြီး​၊​ ​နေပူရှိန်မြင့်​တက်​နေတာဟာ အန္တရာယ်ရှိတဲ့​ အဆင့်​ကို​ရောက်​နေတာမို့​ အပူဒဏ်ကို သတိပြု​နေထိုင်ကြဖို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က နှိုး​ဆော်လိုက်ပါတယ်။

အကျိုး​အ​ကြောင်း​ အပြည့်​အစုံသိရ​အောင် ဦး​ထွန်း​လွင်ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

“အဓိကက​တော့​ မိုး​ပြတ်သွား​တာပါပဲ။ သင်္ကြန်မတိုင်ခင်မှာ​တော့​ ရွာလိုက်​သေး​တယ်။ မိုး​က ရန်ကုန်မှာ ဖွဲဖွဲ​လေး​ ၁ ရက်ကျတယ်။ ဒါ​ပေမယ့်​ မရွာသ​လောက်ပဲ။ မိုး​နည်း​သွား​တော့​ တိမ်မရှိ​တော့​ဘူး​ပေါ့​။ တိမ်မရှိ​တော့​တဲ့​ အခါကျ​တော့​ ရာသီက ​နွေရာသီ။ ပင်ကိုအခံအပူမှာ အ​ပေါ်က ကာကွယ်​ပေး​မယ့်​ ​နေ၊​ နည်း​နည်း​အေး​အောင် လုပ်​ပေး​မယ့်​ မိုး​ပြတ်သွား​တဲ့​အခါကျ​တော့​ ​နေ့​စဉ်ရက်ဆက် ​နေပူရှိန်​တွေက​နေ ​နေပူချိန်​တွေ ဖြစ်ပြီး​ တတ်​တော့​၊​ အပူချိန်​တွေတတ်​တော့​ မ​နေ့​ကဆို အန္တရာယ်ရှိတဲ့​ အဆင့်​ ၄၆ တို့​ ဘာတို့​ဖြစ်သွား​တယ်။ ရန်ကုန်က​တော့​ ၄၀ ​လောက်​တော့​ ရှိတယ်။ ရန်ကုန်က စံချိန်ကျိုး​အောင်​တော့​ မတတ်​သေး​ဘူး​။ ဒါ​ပေမယ့်​ မိုး​မရွာတာကြာ​တော့​ အပူချိန်က ဒီ​လောက်မဟုတ်ဘူး​။ အပူရှိန်ကို သတိထား​ရ​တော့​မှာ​ပေါ့​။ အပူရှိန်ဆိုတာက ​နေပူတဲ့​ အပူချိန်နဲ့​ ​နေပူတာ ကြာတဲ့​အချိန် ​မြှောက်ရင် အပူရှိန်ရတယ်။ အဲ့​ဒါက လူကို အန္တရာယ် ​ပေး​တာ​ပေါ့​။ ကျ​နော်တို့​ ​နေ​ရောင်ခြည်နဲ့​ ပတ်သက်တဲ့​ အညွှန်း​ကိန်း​တွက်ကြည့်​တဲ့​အခါ မြန်မာနိုင်ငံမှာ ရ​နေတဲ့​ တန်ဖိုး​ဟာ အမြင့်​ဆုံး​က ၁၁ ရှိတာမှာ ကျ​နော်တို့​က ၈ က​နေ ၁၀ ထိရှိ​နေတယ်။

အဲဒီ​တော့​ အဲဒီ့​အဆင့်​က ​နေ​ရောင်ခြည်ထဲမှာ သွား​မယ် အလုပ်လုပ်မယ် ဆိုရင် ဒါ နံပါတ် (၁) က အကာအကွယ်မပါဘဲ မလုပ်သင့်​ဘူး​ပေါ့​။ ဒါမှမဟုတ် သွား​ရင်လည်း​ အချိန်ကြာကြာကြီး​ မ​နေသင့်​ဘူး​။ အဲဒါ လူကို အန္တရာယ် ဖြစ်နိုင်တယ်ဆိုတဲ့​ အဆင့်​ရောက်လို့​ ကျ​နော် အဲဒါ​လေး​ကို တင်လိုက်တာပါဗျ။”

Solar index ဆိုတာ ဆရာခုနက​ပြောတဲ့​ အပူရှိန်ကိုပဲ ဆိုလိုတာလား​။

“Solar index က​တော့​ သိပ္ပံသ​ဘောက​တော့​ ​နေ​ရောင်ခြည်ဖြာထွက်မှုကို ပြတဲ့​ အညွှန်း​ကိန်း​ပါ၊​ ဘယ်​လောက်များ​သလဲ​ပေါ့​နော်။ အဲဒါကို တွက်တာပါပဲ။”

မိုး​လေဝသနဲ့​ ပတ်သက်ပြီး​ ဒီရက်ပိုင်း​မှာ ဘယ်လိုဖြစ်နိုင်တယ် ဆိုတာ​လေး​ အချုပ်​ပြော​ပေး​ပါဦး​။

“ကျ​နော်က​တော့​ ​ပြောရရင်​တော့​ weather rhythm ​ပေါ့​။ စည်း​ချက်မှန်မှန်​လေး​ဖြစ်မယ် ဆိုရင်​တော့​။ ဒီလိုပူတာက​တော့​ သဘာဝအရ ပူမှာပဲ။ ပူပြီး​ရင် ​နောက်ထပ် ပူလို့​ရှိရင် ​မြေကြီး​ပေါ်မှာ ပူတာကိုး​၊​ ပူ​တော့​ မိုး​လေဝသ သ​ဘောအရ ပူရင် အ​ပေါ်က​လေကို ပူမယ်၊​ အ​ပေါ်က​လေက ပူရင် ပွမယ်၊​ ပွရင်​ပေါ့​မယ်၊​ ​ပေါ့​ရင် ​လေဖိအား​ကျမယ်။ အဲဒီ​တော့​ ကုန်း​ပေါ်မှာ ​လေဖိအား​ နည်း​ရပ်ဝန်း​တွေ အခုလည်း​ ​ပေါ်​တော့​ ​ပေါ်​နေတယ်ဗျ၊​ အဲဒီ​လေဖိအား​နည်း​ရပ်ဝန်း​ ​ပေါ်တာနဲ့​ ပင်လယ်ဘက်က ​လေက ကုန်း​တွင်း​ကို ဝင်လာရမယ်​ပေါ့​နော်။ အဲဒီ ဝင်လာလိုက်တာနဲ့​ မိုး​တိမ်​တွေဖြစ်မယ်၊​ အပူပြန်​လျော့​မယ်၊​ ဒီထဲမှာ မိုး​ပါ ရွာဦး​မယ် ဆိုရင်​တော့​ အပူချိန်က ပြန်ကျသွား​မယ်။ အဲဒါပြီး​တော့​မှ တခါ ​နောက်တ​ကျော့​ အပူချိန်က ပြန်တက်မယ်။ ဒါ ဒီ rhythm က ပုံမှန်နှစ်ဆို ရှိရမယ့်​ rhythm ပဲ။ အဲဒီ​တော့​ ဒီအ​ပေါ်မှာ မူတည်ပြီး​ ကျ​နော်မှန်း​တာက​တော့​ အခုလာမယ့်​ ပိတ်ရက်။ မနက်ဖြန် စ​နေ၊​ တနင်္ဂ​နွေ အထူး​သဖြင့်​ တနင်္ဂ​နွေ၊​ တနင်္လာမှာ​တော့​ မိုး​ရွာမယ်လို့​ ကျ​နော် မှန်း​ပါတယ်။”

အဲဒါဆိုရင်​တော့​ အပူဒဏ် ပြန်သက်သာလာမယ့်​ သ​ဘောရှိတာ​ပေါ့​။

“ကျ​နော်ထင်တဲ့​အတိုင်း​ ဖြစ်ရင်​တော့​ အပူဒဏ်သက်သာမှာဗျ။ တကယ်လို့​ မရွာဘူး​ဆိုရင်​တော့​ ပူဦး​မယ့်​ သ​ဘောရှိတယ်ခင်ဗျ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013