လူကာကူ၏သွင်းဂိုးဖြင့် မန်ယူက ဘုန်းမောက်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

1.8K
ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အဖြစ် မန်ယူနဲ့ ဘုန်းမောက်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး လူကာကူရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူမှာ ပွဲပယ်ခံထားရတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ မပါဝင်နိုင်လို့ လူငယ်ကစားသမား မက်တွမ်မီနေးကို အသုံးပြုသွားသလို တိုက်စစ်မှာ လူကာကူ၊ လင်ဂတ်၊ မာရှယ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
မန်ယူဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းမှုမှာတော့ ဘုန်းမောက်က အသာရခဲ့ပါတယ်။
မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၅ မိနစ်မှာ မာတာရဲ့ ဖြတ်တင်ဘောမှတဆင့် တိုက်စစ်မှူး လူကာကူက ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ဘုန်းမောက်ရဲ့ ထိုးဖောက် ကန်သွင်းချက်တချို့ကို ကာကွယ်ပေးနိုင်ခဲ့တဲ့ မန်ယူဂိုးသမား ဒီဂီယာကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် မန်ယူက ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ မှာပဲ ဆက်လက်ရပ်တည်နေပြီး ဘုန်းမောက်ကတော့ ၁၆ မှတ်နဲ့ အဆင့် ၁၄ မှာ ရှိနေပါတယ်။