DVB Logo
Home
မြန်မာသတင်း
အရှင်ဂမ္ဘီရ လူဝတ်လဲပြီ
DVB
·
April 19, 2012
အရှင်ဂမ္ဘီရ လူဝတ်လဲပြီ
Donate to DVB

ရွှေဝါ​ရောင်​တော်လှန်​ရေး​ဦး​ဆောင်သူတပါး​ဖြစ်တဲ့​ အရှင်ဂမ္ဘီရဟာ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း​တရက်​နေ့​) မှာ လူဝတ်လဲလိုက်တယ်လို့​ ကာယကံရှင် ကိုညီညီလွင် ကိုယ်တိုင်က ​ပြောပါတယ်။

[caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"][/caption]

“ဟုတ်တယ် နှစ်ဆန်း​ ၁ ရက်​နေ့​က လူထွက်လိုက်တာ​ပေါ့​ဗျာ။”

ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာဦး​ဆောင်ခဲ့​ပြီး​ ​ထောင်ဒဏ်နှစ် ၆၀ ​ကျော် ချမှတ်ခံရတဲ့​ အရှင်ဂမ္ဘီရဟာ ဒီနှစ်ဆန်း​မှာ သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လွတ်ခဲ့​ပါတယ်။

အရှင်ဂမ္ဘီရဟာ အတင်း​အကျပ်လူဝတ်လဲပြီး​ ​ထောင်ချခံခဲ့​ရ​ပေမယ့်​ ​ထောင်တွင်း​မှာ ရဟန်း​တပါး​လို ကျင့်​ကြံသီတင်း​သုံး​ခဲ့​သလို ​ထောင်က လွတ်လွတ်ချင်း​မှာပဲ သင်္ကန်း​ပြန်ဝတ်ခဲ့​ပါတယ်။

ဒီ​နောက် သူ့​ကို နိုင်ငံ​တော်သံဃမဟာနာယက (မဟန) ညွန်ကြား​လွှာ ၁၅ အရ ​ထောင်ကျဖူး​တဲ့​သံဃာ ​ထောင်ကပြန်လွတ်လို့​ သင်္ကန်း​ပြန်ဝတ်ချင်ရင် ပြန်လည်ခွင့်​တောင်း​ရမယ်ဆိုတာ ပါရှိတဲ့​အတိုင်း​ ခွင့်​တောင်း​ဖို့​ မဟန ဆရာ​တော်ကြီး​တွေက ဆင့်​ခေါ် မိန့်​ကြား​ခဲ့​ပါတယ်။

အရှင်ဂမ္ဘီရက ညွှန်ကြား​လွှာ ၁၅ ကို မလိုက်နာနိုင်တဲ့​အ​ကြောင်း​ သံဃာ​ခေါင်း​ဆာင်​တွေကို ပြန်လည်​လျှောက်တင်ခဲ့​ပါတယ်။ ဒီ​နောက်မှာ​တော့​ နိုင်ငံပိုင်သတင်း​စာ​တွေက​နေ အရှင်ဂမ္ဘီရကို ဓမ္မစက်နဲ့​မရရင် အာဏာစက်နဲ့​ ကျင့်​သုံး​မယ်ဆိုပြီး​ အမည်တပ်ပြီး​ ထုတ်ပြန်ခဲ့​ပါတယ်။

အဲဒီညွှန်ကြား​လွှာ ၁၅ ဟာ ၁၉၉၀ ပြည့်​နှစ် သံဃပတ္တနိက္ကုဇ္ဇန ကံ​ဆောင်ပွဲကာလ၊​ ဗိုလ်ချုပ်မှူး​ကြီး​စော​မောင် ဦး​ဆောင်တဲ့​ နဝတ​ခေတ်မှာ အာဏာပိုင်​တွေက တင်​လျှောက်။ မဟနက အတည်ပြုထား​တာဖြစ်ပြီး​ မလိုက်နာရင် တရား​စွဲဆိုနိုင်တယ်ဆိုတာ ပါရှိပါတယ်။

ထောင်မှာ ကိုယ်ထိလက်​ရောက်နှိပ်စက်ခံခဲ့​ရတဲ့​ အရှင်ဂမ္ဘီရဟာ အပြင်မှာလည်း​ ခုလို ကြုံရတဲ့​အ​ပေါ် စိတ်ပိုင်း​ဆိုင်ရာ ထိခိုက်ခဲ့​ရပြီး​ အခုလို လူထွက်တဲ့​အ​ခြေအ​နေကို ဆိုက်​ရောက်သွား​တာလို့​ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ​ထောင်ကျပြီး​ ညွှန်ကြား​လွှာ ၁၅ အရ ပြန်ဝတ်ခွင့်​တောင်း​ခံခဲ့​တဲ့​ ရန်ကုန်က ဦး​ဇင်း​ ဦး​ပဏ္ဍဝံသက မိန့်​ပါတယ်။

“ဒါက ဘုရား​ရှင်တို့​ ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေမဟုတ်ဘဲနဲ့​ လူ​တွေ ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေ ဖြစ်​နေတယ်။ ဦး​ဂမ္ဘီရက သူ့​ရဲ့​ သ​ဘောထား​က​တော့​ ပွင့်​ပွင့်​လင်း​လင်း​ပြောတယ်။ သူလို ရဟန်း​ကောင်း​တပါး​အ​နေနဲ့​ ဥပဇ္ဈာယ်ဆရာ​တော် အ​ပျောက်မခံနိုင်ဘူး​၊​ သူငယ်စဉ်ခါတုန်း​က အသက် ၂၀ ပြည့်​ပြီး​လို့​ ဥပဇ္ဈာယ်ဆရာ​တော်နဲ့​ ကံ​ဆောင်ထား​တဲ့​ဟာကိုလည်း​ အပျက်မခံနိုင်တာ ဖြစ်တဲ့​အတွက်​ကြောင့်​ ညွှန်ကြား​လွှာ ၁၅ ကို မလိုက်နိုင်ပါဘူး​ ဆိုပြီး​တော့​ အတိအလင်း​ သူ့​ဘက်က ဆရာ​တော်ကြီး​တွေကို ​လျှောက်တယ်။ အဲဒီလို ​လျှောက်ထား​ချက်နဲ့​ ပတ်သက်ပြီး​တော့​ အာဏာပိုင်အဖွဲ့​အစည်း​က အာဏာစက်နဲ့​ အ​ရေး​ယူမယ်လို့​ ဆိုတယ်။ အဲဒီဆိုတဲ့​ ကိစ္စရပ်က တပါး​ကို ဆိုတာဖြစ်တဲ့​အတွက် သူဟာ ပုထုဇဉ်ရဟန်း​တပါး​အ​နေနဲ့​က​တော့​ ဘာပဲ​ပြော​ပြော ထိခိုက်​စေတယ်လို့​ ဦး​ဇင်း​တို့​က ယူဆတယ်။ ဦး​ဇင်း​တို့​ကိုယ်တိုင်လည်း​ ဒါမျိုး​တွေ ကြုံခဲ့​ဘူး​တယ်။ တကယ်လည်း​ပဲ ထိခိုက်ပါတယ်။ အဲဒီ​တော့​ ဒီ ၈၂ ညွှန်ကြား​လွှာတို့​၊​ ​ခေတ်နဲ့​ မ​လျော်ညီ​တော့​ဘူး​ဆိုတာကိုလည်း​ မြန်မာနိုင်ငံမှာ ရှိ​နေတဲ့​ ​ထေရဝါဒ ရဟန်း​တော်​တွေ အား​လုံး​က သိရှိကြတယ်။ သိရှိပင် သိငြား​သော်လည်း​ပဲ နိုင်ငံ​တော် သံဃာ့​နာယကအဖွဲ့​က အဲဒါ​တွေကို လက်စွဲပြုပြီး​တော့​ အခုဆက်လက်ပြီး​တော့​ သွား​နေကြတာ။”

အရှင်ဂမ္ဘီရ တဖြစ်လဲ လူထွက် ကိုညီညီလွင်ကို ဒီဗွီဘီက ​မေး​မြန်း​ရာမှာ မ​ပျော်လို့​ လူဝတ်လဲတာလို့​ ​ဖြေ​ပေမယ့်​ အဲဒီ​ဖြေကြား​ချက်ဟာ မြန်မာပြည်ရဲ့​ အ​ခြေအ​နေ​တွေအရ ​လျှော့​ပေါ့​ ​ဖြေဆိုတာသာ ဖြစ်တယ်လို့​ ဦး​ပဏ္ဍဝံသက မိန့်​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013