A d v e r t i s e m e n t With Us

ယူအန်အက်ဖ်စီက ပြည်​ထောင်စုအစိုး​ရကိုယ်စား​လှယ်အဖွဲ့​နှင့်​ ​တွေ့​ရန် ​တောင်း​ဆို

ယူအနျအကျဖျစီ ​ဆှေး​နှေး​ပွဲ
ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ ပြည်​ထောင်စုအစိုး​ရ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ အမြန်ဆုံး​ ​တွေ့​ဆုံ​ရေး​ဟာ လတ်တ​လော ​ရှေ့​လုပ်ငန်း​စဉ်ရဲ့​ ဦး​စား​ပေး​လုပ်ငန်း​ ဖြစ်ပြီး​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ စတင်ချိန်တန်ပြီလို့​ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ)က ထုတ်ပြန်​ကြေညာလိုက်ပါတယ်။
ယူအန်အက်ဖ်စီ ​ဆွေး​နွေး​ပြဲ
ယူအန်အက်ဖ်စီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ နိုင်ဟံသာက “အရင် ဦးအောင်မင်း​နဲ့​ ကျ​နော်တို့​ တဖွဲ့​ချင်း​စီ ​တွေ့​ကြတုန်း​က ကျ​နော် ​ပြောခဲ့​ဖူး​တာရှိတယ်။ အဓိကအား​ဖြင့်​က​တော့​ ကျ​နော်တို့​ တွဲဖက်အတွင်း​ရေး​မှူး​-၂ ဗိုလ်မှူး​ကြီး​ ခွန်ဥက္ကာနဲ့​ ​တွေ့​တုန်း​က ကျ​နော်တို့​ ယူအန်အက်ဖ်စီနဲ့​ ဒီအစိုး​ရ ကိုယ်စား​လှယ်နဲ့​ တခါ​လောက် ​တွေ့​ချင်တယ်၊​ ​တွေ့​ဆုံ​ဆွေး​နွေး​ချင်တယ် ဆိုတဲ့​ဟာကို ဦး​အောင်မင်း​က သ​ဘောတူထား​တယ် ခင်ဗျ။ ဒါဆိုရင် ဘယ်​တော့​လောက် အဆင်​ပြေမလဲ အဲဒါကို ​ပြောပါ။ သူစီစဉ်မယ်လို့​ သူ​ပြောထား​တယ်။ ကျ​နော်တို့​က​တော့​ လာမယ့်​ ​မေလ ဒုတိယအပတ်ထဲမှာ ​တွေ့​ဆုံဖို့​ ကမ်း​လှမ်း​ထား​တယ်။ ဒါ ကျ​နော်တို့​ဘက်က အဆင်သင့်​ဖြစ်မှုအ​ပေါ်မှာ ​ပြောလိုက်တာပ။ါ ​မေလ ဒုတိယအပတ်ထဲမှာ သူ့​ဘက်က​နေ တကယ်လို့​ လက်ခံရင်​တော့​ ဖြစ်မယ်။ ဒါမှမဟုတ် သူ့​ဘက်က တခြား​ကိစ္စ​တွေရှိရင် နည်း​နည်း​ရွှေ့​ရင်လည်း​ ​ရွှေ့​မှာ​ပေါ့​ဗျာ အဲဒီလို​တော့​ ရှိပါတယ်။” ဒီက​နေ့​ ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​မှာ ကျင်း​ပတဲ့​ တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီဝင် တိုင်း​ရင်း​သား​အဖွဲ့​အစည်း​က ကိုယ်စား​လှယ်​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​အပြီး​ ထုတ်ပြန်ချက်မှာ ​ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ စုဖွဲ့​ထား​တဲ့​ အဲဒီမဟာမိတ်အဖွဲ့​ရဲ့​ အဖွဲ့​ဝင်​တော်​တော်များ​များ​ အပစ်အခတ်ရပ်စဲ​ရေး​ ပဏာမသ​ဘောတူညီချက် ရရှိထား​ပြီး​ဖြစ်ချိန်မှာ နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ ​ခြေလှမ်း​ စတင် ကမ်း​လှမ်း​လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ ပဏာမအဆင့်​ဟာ ပြည်​ထောင်စုအဆင့်​ ကိုယ်စား​လှယ် အဖွဲ့​နဲ့​ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီတို့​ ​တွေ့​ဆုံ​ရေး​ဟာ လတ်တ​လောလုပ်ငန်း​စဉ် ဖြစ်တယ်လို့​ ​ကြေညာချက်က ဆိုပါတယ်။ ယူအန်အက်ဖ်စီက ကမ်း​လှမ်း​တဲ့​ ပြည်​ထောင်စုအစိုး​ရ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ အဖွဲ့​ခေါင်း​ဆောင် မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က လတ်တ​လောမှာ ​နော်​ဝေနိုင်ငံကို ​ရောက်ရှိ​နေပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့​ဝင်​ရော အဖွဲ့​ဝင်မဟုတ်တဲ့​ တိုင်း​ရင်း​သား​အင်အား​စု​တွေပါ ပါဝင်တဲ့​ တိုင်း​ရင်း​သား​ညီလာခံတရပ်ကျင်း​ပပြီး​ အဲဒီရလဒ်ကို ကိုင်စွဲပြီး​ ပြည်​ထောင်စုအစိုး​ရကိုယ်တိုင် ပါဝင်ပြီး​ လူမျိုး​ပေါင်း​စုံတက်​ရောက်မယ့်​ “တမျိုး​သား​လုံး​ဆိုင်ရာညီလာခံကြီး​တရပ်”ကို လွှတ်​တော်ပြင်ပမှာ ကျင်း​ပ​ရေး​ ကိုလည်း​ လျာထား​တယ်လို့​ ဆိုပါတယ်။ အဲဒီညီလာခံက အများ​သ​ဘောတူ ဆုံး​ဖြတ်ချက်​တွေအ​ပေါ် တမျိုး​သား​လုံး​ဆိုင်ရာ သ​ဘောတူညီချက် ရရှိဖို့​ အင်အား​စုအား​လုံး​က လက်မှတ်​ရေး​ထိုး​ကြဖို့​နဲ့​ အဲဒီ သ​ဘောတူညီချက်အတိုင်း​ ​ဆောင်ရွက်မယ်လို့​ ဆိုပါတယ်။ ညီညွတ်​သောတိုင်း​ရင်း​သား​လူမျိုး​များ​ဖက်ဒရယ်​ကောင်စီမှာ အဖွဲ့​ဝင် ၁၁ ဖွဲ့​ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up