A d v e r t i s e m e n t With Us

နယူးယောက် မြေအောက်ရထားဘူတာတွင် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ

ဖောက်ခွဲမှုကျူးလွန်သူ အာခိုက်ယူလာ။ (ဓာတ်ပုံ - ရိုက်တာ)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြေအောက်ရထားဘူတာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဗုံးဖောက်ခွဲတိုက်ခိုက်မှုတခု ဖြစ်ခဲ့ပါတယ်။ ဖောက်ခွဲမှု ပြုလုပ်သူဟာ အာခိုက်ယူလာ (Akayed Ullah) ဆိုသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောင်းရွှေ့လာသူဖြစ်ပြီး အိမ်လုပ်ဗုံးကို ကိုယ်မှာတပ်ဆင် ဖောက်ခွဲခဲ့တာပါ။ အဲဒီ ဗုံးပေါက်ကွဲမှုကြောင့် ဗုံးဖောက်ခွဲသူ အာခိုက်ယူလာနဲ့ တခြားလူ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အာခိုက်ယူလာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကဖြစ်ပြီး အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ရသူတဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက်ဆုံးအကြိမ် သွားရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲက ဆိုပါတယ်။ နယူးယောက်မြို့တော်ဝန်က အခုတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုအဖြစ် သတ်မှတ်လိုက်ပြီး ဖောက်ခွဲမှုကျူးလွန်သူ အာခိုက်ယူလာကို ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up