Home
မြန်မာသတင်း
မိုးညှင်းခရိုင်တွင်း မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နှင်းရေး ဆွေးနွေး
DVB
·
December 11, 2017
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မြသီတာရပ် ပြည်ထောင်စုလမ်းမကြီးဘေး ဒီဇင်ဘာကဖေးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို မိုးညှင်း၊ အင်းတော်ကြီး၊ ကြာကြီးကွင်း၊ ငါးမိုင်၊ ဆယ်မိုင်ရွာသစ် စတဲ့ ကျေးရွာတွေက တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ပွဲစီစဉ်သူ ဦးရွှေနီက “ဒီပွဲကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသခံတွေရဲ့ဆန္ဒအရ ဒီဒေသမှာ မူးယစ်ဆေးဝါး ပပျောက်စေဖို့ တခုတည်းပါပဲ။ ရဲစခန်းကတော့ ဖိတ်ထားပေမယ့် လာမတက်ဘူး”လို့ ပြောပါတယ်။ ပက်ဂျီဆန်အဖွဲ့မှ ဦးလမိုင်ခါးကတော့ “မူးယစ်ရောင်းနေတဲ့ အိမ်တအိမ်ကို ဖမ်းမိနိုင်ဖို့ အိမ်နီးချင်းတွေက ပူးပေါင်းပါဝင်ပေးမှ မိနိုင်မှာဖြစ်သလို ဒီဒေသမှာ မူးယစ်ရှားပါးလာဖို့ ဆိုတာလည်း တိုင်းရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်နိုင်မှဖြစ်မယ်”လို့ ပြောပါတယ်။ မီးသတ်အဖွဲ့မှဦးမျိုးမြင့်က “မူးယစ်ကို စိတ်ပါလက်ပါဖမ်းပေးခဲ့ပေမယ့် နောက်ဆက်တွဲ စစ်ဆေးခံရတာတွေ၊ မိုးညှင်းတရားရုံးအထိ မိမိတို့စရိတ်နဲ့ ခဏခဏသွားရောက်ခဲ့ရတွေကြောင့် ဆက်လက်ဖမ်းပေးဖို့ကို စိတ်ပျက်တယ်” လို့ ပြောပါတယ်။ ဦးဇော်လွင်အောင်ကတော့ မူးယစ်ရောင်းချသူတွေဟာ အတင့်ရဲစွာ ဂိုဏ်းဂဏတွေ ဖွဲ့ပြီးရောင်းချနေတာကြောင့် နယ်မြေခဲရဲတပ်ဖွဲ့တွေ ဖမ်းဆီးမှုအားနည်းနေတယ်လို့ ပြောပါတယ်။ သတင်း-မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024