မုန်တိုင်းငယ် အားပျော့ကာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားဒေ့ရှ်ဘက် ရွေ့လျား

1.8K
အနောက်ဘင်္ဂလားကမ်းခြေနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှာ ပြီးခဲ့တဲ့ရက်က ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ် (Depression) ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားခဲ့ပြီလို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက် မိုးဇလ ထုတ်ပြန်ချက်အရ အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေအနီးက ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လတ်တလော ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ- မိုးဇလဌာန