A d v e r t i s e m e n t With Us

နော်​ဝေ-မြန်မာ​ဆွေး​နွေး​ပွဲ- ​တွေ့​ဆုံ​မေး​မြန်း​ချက်

ဦး​အေး​ချမ်း​နိုင်၊ ယိုနာ့​စ်ဂါစထရာနှင့်​​ ဦး​​ေအာင်​မင်း​​
နော်​ဝေနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ မြန်မာအစိုး​ရ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ဟာ ​နော်​ဝေနိုင်ငံခြား​ရေး​ဝန်ကြီး​ ယိုနာ့​စ်ဂါစထရာနဲ့​ ​အော်စလိုမြို့​မှာ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေပြုလုပ်ခဲ့​ပါတယ်။
ဦး​အေး​ချမ်း​နိုင်၊ ယိုနာ့​စ်ဂါစထရာနှင့်​​ ဦး​​အောင်​မင်း
ဆွေး​နွေး​ပွဲအပြီး​ အစည်း​အ​ဝေး​ခန်း​မထဲက ထွက်လာတဲ့​ ​နော်​ဝေနိုင်ငံခြား​ရေး​ဝန်ကြီး​ ယိုနာ့​စ်ဂါစထရာနဲ့​ ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​ကို ဒီမိုကရက်တစ်မြန်မာ့​အသံ အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်က ​တွေ့​ဆုံ​မေး​မြန်း​ထား​ပါတယ်။ ဦး​အေး​ချမ်း​နိုင် - သမိုင်း​ဝင်​တွေ့​ဆုံပွဲ တခုလို့​ ယူဆပါတယ်။ ဒီ​နေ့​ဆွေး​နွေး​တဲ့​ အဓိက အချက်​လေး​တွေကို ​ပြောပြ​ပေး​ပါ။ ယိုနာ့​စ်ဂါစထရာ “ဟုတ်ပါတယ်။ သမိုင်း​ဝင်​တွေ့​ဆုံပွဲတခုပါ။ ကျ​နော် ရန်ကုန်​ရောက်ခဲ့​စဉ်က မြန်မာအစိုး​ရနဲ့​ ​ဆွေး​နွေး​ခဲ့​တာ​လေး​ကို ဆက်ပြီး​ အ​ကောင်အထည်​ဖော်ဖို့​ပါ။ ကျ​နော်တို့​ အ​ကြောင်း​အရာ ​တော်​တော်များ​များ​ကို ​ဆွေး​နွေး​ခဲ့​ပါတယ်။ ဒါ​ပေမယ် အဓိကက​တော့​ အပစ်အခတ်ရပ်စဲ​ရေး​ကိစ္စပါ။ အဲဒီ​နောက် ငြိမ်း​ချမ်း​ရေး​ကို ဘယ်လို​ဖော်​ဆောင်မလဲ၊​ ထာဝရ ငြိမ်း​ချမ်​ရေး​ရ​အောင် ဘယ်လိုလုပ်မလဲဆိုတာပါ။ ​နော်​ဝေး​နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်း​အဝိုင်း​က ဒီအတွက် ဘယ်လို အကူအညီ​ပေး​နိုင်မလဲဆိုတာကို ​ဆွေး​နွေး​ပါတယ်။ “ဝန်ကြီး​ ဦး​အောင်မင်း​ရောက်တဲ့​နေ့​မှာ ​နော်​ဝေး​နိုင်ငံက မြန်မာအစိုး​ရအ​ပေါ် စီး​ပွား​ရေး​ပိတ်ဆို့​မှု ယာယီရုပ်သိမ်း​လိုက်ပါတယ်။ စစ်လက်နက်​ရောင်း​ဝယ်တာက လွဲလို့​ ကျန်တဲ့​ပိတ်ဆို့​မှု​တွေ ရုပ်သိမ်း​တာပါ။ မြန်မာအစိုး​ရနဲ့​ ပုံမှန်ဆက်ဆံသွား​မယ့်​ သ​ဘောပါ။ ရည်ရွယ်ချက်က​တော့​ ပြုပြင်​ပြောင်း​လဲ​နေသူ​တွေကို အား​ပေး​တဲ့​ သ​ဘောပါသလို၊​ ဆန့်​ကျင်​နေတဲ့​သူ​တွေကိုလည်း​ သတိ​ပေး​တာလည်း​ ပါပါတယ်။ ​နော်​ဝေအ​နေနဲ့​ အခု အ​ပြောင်း​အလဲမှာ ဘယ်လို ကူညီနိုင်တယ်ဆိုတာကိုလည်း​ ဝန်ကြီး​ ဦး​အောင်မင်း​က ပွင်ပွင်လင်း​လင်း​ ရှင်း​ပြပါတယ်။ ကျ​နော်တို့​ ဘက်ကလည်း​ ကျ​နော်တို့​သိထား​တဲ့​ အ​တွေ့​အကြုံ​တွေကို ဖလှယ်​ပေး​ဖို့​ ​ပြောခဲ့​ပါတယ်။ ဒီ​နေ့​ သမိုင်း​ဝင်​တွေ့​ဆုံပွဲကို အ​ခြေခံပြီး​ ကျ​နော်တို့​ နှစ်နိုင်ငံ ဆက်ဆံ​ရေး​ အခုထက်ပို​ကောင်း​လာဖို့​ ​မျှော်လင့်​ပါတယ်။” ဦး​အေး​ချမ်း​နိုင် - ဝန်ကြီး​ အ​စောက ​ပြောသွား​တဲ့​အထဲမှာ အပစ်အခတ်ရပ်စဲ​ရေး​ ​ဖော်​ဆောင်ဖို့​၊​ တည်တံ့​ဖို့​ ​စောင့်​ကြည်​လေ့​လာ​ရေး​ လုပ်မယ်ဆို​တော့​ အဲဒီကိစ္စ ဘယ်​လောက်အထိ အ​သေး​စိတ် ​ဆွေး​နွေး​ခဲ့​ပါသလဲ။ ယိုနာ့​စ်ဂါစထရာ - အပစ်အခတ်ရပ်စဲ​ရေး​ဟာ အင်မတန် အ​ရေး​ကြီး​ပါတယ်။ ဒါ​ပေ့​မယ် ဒါဟာ အစပဲ ရှိပါ​သေး​တယ်။ ​ရှေ့​ဆက်သွား​ဖို့​အတွက် လမ်း​စပါ။ ​ရှေ့​ဆက်သွား​ဖို့​ဆိုတာက ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​၊​ ငြိမ်း​ချမ်း​ရေး​ရဲ့​ အကျိုး​အမြတ်၊​ ဒုကသည်ကိစ္စ​တွေ ​ဖြေရှင်း​ဖို့​ပါ။ ကျ​နော်တို့​ဘက်က ​ပြောတာက ဒါ​တွေကို အမြန်ဆုံး​လုပ်ဖို့​ပါ။ လူထု​တွေ ငြိမ်း​ချမ်း​ရေး​ရဲ့​ ရလဒ်ကို အမြန် ခံစား​ရဖို့​ လိုပါတယ်။ ဦး​အေး​ချမ်း​နိုင် - တခြား​ကိစ္စ​တွေ​ရော လူ့​အခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စ ဒါ​တွေ​ရော ​ဆွေး​နွေး​ပါသလား​။ ယိုနာ့​စ်ဂါစထရာ - “လွန်ခဲ့​တဲ့​ ၂ လကလည်း​ ကျ​နော်တို့​ ဒီကိစ္စကို ​ဆွေး​နွေး​ခဲ့​ပြီး​ ဖြစ်ပါတယ်။ လူ့​အခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီအ​ရေး​ အပါအဝင် စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စ ဒါ​တွေဟာ ကျ​နော်တို့​ အမြဲ​ပြော​နေတဲ့​ကိစ္စပါ။ ​ရှေ့​ဆက်​ပြောင်း​လဲတိုး​တက်ဖို့​ တိုက်တွန်း​ပါတယ်။ ဒါ​ပေမယ့်​ အကုန်လုံး​ကို တချိန်တည်း​ လုပ်လို့​မရတာကို ကျ​နော်တို့​ နား​လည်ဖို့​ လိုပါတယ်။ အ​ရေး​ကြီး​တာက ​နောက်ပြန်မလှည့်​ဘဲ ​ရှေ့​တက်​ရေး​ပါ။ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ရက်ပိုင်း​ကပဲ ကျ​နော် စကား​ပြောခဲ့​ပါတယ်။ အခုအ​ပြောင်း​အလဲ ​ရှေ့​ဆက် တက်နိုင်​အောင် ဝိုင်း​ပြီး​ အား​ပေး​ကြဖို့​ပါ။” ဦး​အေး​ချမ်း​နိုင် - ​နော်​ဝေနိုင်ငံက ​ငွေ​ကြေး​ အကူအညီ​ပေး​ဖို့​အတွက်​ရော ​ဆွေး​နွေး​ခဲ့​ပါသလား​။ ယိုနာ့​စ်ဂါစထရာ - “လူသား​ချင်း​ စာနာတဲ့​ အကူအညီ​တွေကို​တော့​ နာဂစ်ဖြစ်ပြီး​ကတည်း​က ကျ​နော်တို့​ စ​ပေး​နေပါပြီ။ ကျ​နော်တို့​ တိကျတဲ့​ စီမံကိန်း​၊​ လုပ်ငန်း​တွေကို ​ထောက်ပံ့​ဖို့​လည်း​ရှိပါတယ်။ ဒါ​ပေမယ့်​ အ​သေး​စိတ် ​ဆွေး​နွေး​ဖို့​ လိုပါ​သေး​တယ်။ ဦး​အေး​ချမ်း​နိုင် - ဒီ​နေ့​အစည်း​အ​ဝေး​မှာ ဘာ​တွေအဓိက ​ပြောကြသလဲ။ သူက​တော့​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​နဲ့​ ပတ်သက်ပြီး​ ​ပြောတယ်လို့​ပြောပါတယ်။ ဝန်ကြီး​အ​နေနဲ့​ကော ဒီ​နေ့​အစည်း​အ​ဝေး​မှာ ဘာ​တွေ​ပြောကြလဲ။ ဘာ​တွေ​ဆွေး​နွေး​ကြလဲ။ အဓိကဘယ်အချက်ကို ​ပြောကြလဲဆိုတာ တချက်​လောက် ရှင်း​ပြ​ပေး​ပါလား​။ ဦး​အောင်မင်း​ - “ကျ​နော်လာတဲ့​အ​ကြောင်း​က​တော့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ကိစ္စပဲဖြစ်ပါတယ်။ နိုင်ငံမှာလည်း​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ကိစ္စကိုပဲ အဓိက တာဝန်ယူထား​ပါတယ်။ ဒါ​တွေကလည်း​ အား​လုံး​က နိုင်ငံ​တော် သမ္မတကြီး​ ဦး​ဆောင်တဲ့​ အစိုး​ရအဖွဲ့​က​နေ ကျ​နော့်​ကို တာဝန်​ပေး​ထား​တာ ဖြစ်ပါတယ်။ အထူး​သဖြင့်​က​တော့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​နဲ့​ ပတ်သက်တာ ​တော်​တော်များ​များ​ ​ပြောကြပါတယ်။ အခု ကျ​နော်တို့​ တာဝန်ယူပြီး​ လုပ်​နေတဲ့​အပိုင်း​မှာ တိုင်း​ရင်း​သား​ အဖွဲ့​တွေ​တော်​တော်များ​များ​က အပစ်အခတ်​တွေ ရပ်စဲပြီး​ဖြစ်ပါတယ်။ အဲဒီ​တော့​ သူတို့​ပြန်လာပြီး​တဲ့​အခါမှာ သူတို့​လိုအပ်တာ​တွေ အ​ဆောက်အဦ​တွေ ​ဆောက်​ပေး​ရမယ်။ ဒီမိုင်း​နင်း​တွေလုပ်​ပေး​ရမယ်။ ဒါ​တွေအား​လုံး​က အိုင်ဒီပီ​တွေ၊​ ဒုက္ခသည်​တွေ ဒါ​တွေအား​လုံး​ကို လုပ်​ပေး​ရမှာဖြစ်တယ်။ ဒီအ​ခြေအ​နေ​လေး​တွေကို ကျ​နော်လာပြီး​ ရှင်း​လင်း​တင်ပြတာပဲ ဖြစ်ပါတယ်။” ဦး​အေး​ချမ်း​နိုင် - အခုလာတဲ့​အချိန်မှာ ​နော်​ဝေး​ကို မြန်မာနိုင်ငံအစိုး​ရထဲက အကြီး​အကဲ ​ခေါင်း​ဆောင်တဦး​ နှစ်​ပေါင်း​များ​စွာထဲမှာ ပထမဆုံး​အကြိမ် ​ရောက်ရှိတာ​ပေါ့​။ သမ္မတကြီး​ဆီက​ကော ​နော်​ဝေး​အစိုး​ရအတွက်ကို ​ပေး​လာတဲ့​ သတင်း​စကား​လေး​တွေ ရှိပါသလား​။ ဦး​အောင်မင်း​ - “ကျ​နော်တို့​ အစိုး​ရတက်လာပြီး​ ​နောက်ပိုင်း​မှာ တကယ်​တော့​ ​နော်​ဝေး​နိုင်ငံက ကျ​နော်တို့​နဲ့​ မိုင်အား​ဖြင့်​ အများ​ကြီး​ကွာ​ဝေး​သော်လည်း​ပဲ၊​ ကျ​နော်တို့​အစိုး​ရ တက်တက်ချင်း​မှာ နီး​နီး​ကပ်ကပ် ဆက်ဆံတဲ့​ နိုင်ငံတခုအ​နေနဲ့​ ​ပြောလို့​ရပါတယ်။ ဒီနိုင်ငံက တကယ်​တော့​ ဒီမိုက​ရေစီ စစ်စစ် နိုင်ငံဖြစ်ပါတယ်။ ဒါ​ကြောင့်​ ဒီနိုင်ငံကို သွား​တဲ့​အခါမှာ အတုယူစရာ​လေး​တွေ၊​ မြင်စရာ​လေး​တွေ အများ​ကြီး​ရှိပါတယ်။ သမ္မတကြီး​ ကိုယ်တိုင်ကလည်း​ လိုလိုလား​လား​နဲ့​ လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီ​ရောက်​တော့​လည်း​ ဒီမှာလုပ်​ပေး​တဲ့​ အစီအစဉ်​တွေအရ ကျွမ်း​ကျင်သူ​တွေလည်း​ အများ​ကြီး​တွေ့​ရပါတယ်။ ကျန်တဲ့​နေရာ​တွေလည်း​ အများ​ကြီး​ရောက်ပါတယ်။ ကျ​နော်တို့​ မှတ်သား​ရမယ့်​ကိစ္စ​တွေ၊​ ကျ​နော်တို့​ လုပ်ရမယ့်​ကိစ္စရပ်​တွေ ဒါ​တွေအများ​ကြီး​ သင်ခန်း​စာအများ​ကြီး​ ရပါတယ်။” ဦး​အေး​ချမ်း​နိုင် - ​နော်​ဝေး​အစိုး​ရနဲ့​ မြန်မာအစိုး​ရကြား​မှာ ​ရှေ့​ဆက်ပြီး​ စီမံကိန်း​တွေ ဘယ်လမ်း​ကြောင်း​မှာ ဆက်ဖို့​ရှိပါသလဲ။ ဦး​အောင်မင်း​ - “ကျ​နော့်​ခရီး​စဉ်မှာ​တော့​ တခုထူး​ခြား​တာ​တော့​ ကျ​နော်တို့​ရောက်တဲ့​နေ့​မှာပဲ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ဖြုတ်​ပေး​လိုက်တယ်။ ​နောက်တခုက​တော့​ ​နော်​ဝေး​သံရုံး​ကို မြန်မာနိုင်ငံမှာ လာဖွင့်​မှာဖြစ်ပါတယ်။ သံရုံး​လာဖွင့်​တယ်ဆိုကတည်း​က နီး​နီး​စပ်စပ် ဆက်ဆံတဲ့​ နိုင်ငံတခု ဖြစ်သွား​တယ်လို့​ ​ပြောလို့​ရပါတယ်။ ဒါ​တွေက တိုး​တက်မှု အ​ခြေအ​နေ​တွေပါ။” ဦး​အေး​ချမ်း​နိုင် - အပစ်အခတ် ရပ်စဲ​ရေး​ကိစ္စနဲ့​ ပတ်သက်လို့​ ဒါလည်း​ လူတိုင်း​မေး​နေတဲ့​ ​မေး​ခွန်း​တခုပါပဲ။ ကရင်တို့​ မွန်တို့​ဘက်ကမှာ အပစ်အခတ် ရပ်စဲ​ရေး​ဖြစ်​နေ​ပေမယ့်​ ကချင်ဘက်မှာ​တော့​ မဖြစ်​သေး​တဲ့​ကိစ္စ​ပေါ့​။ အဲဒီအ​ပေါ်မှာ ဝန်ကြီး​ဘာ​ပြောချင်ပါသလဲ။ ဦး​အောင်မင်း​ - “ကချင်ဘက်လည်း​ နိုင်ငံ​တော်သမ္မတကြီး​က​နေ ဦး​ဆောင်ပြီး​တော့​ နည်း​ပေါင်း​မျိုး​စုံနဲ့​ ​ဆောင်ရွက်​နေပါတယ်။ အခုလည်း​ သမ္မတကြီး​က​နေ ဒီတဖွဲ့​ကို​တော့​ ဖြစ်​အောင်လုပ်သွား​မယ်ဆိုတဲ့​ စီမံချက်​ပေါ့​၊​ သူ့​ရဲ့​စိတ်ဆန္ဒ ဒီလိုရှိပါတယ်။ ဒါ​လေး​ကိုလည်း​ လုပ်ဖို့​အစီအမံ​တွေ အများ​ကြီး​ရှိပါတယ်။ ကျ​နော်ထင်တာ​တော့​ အား​လုံး​အဆင်​ပြေသွား​မယ်။ ​အေး​ချမ်း​တဲ့​ မြန်မာနိုင်ငံကြီး​ ဖြစ်လာမယ်လို့​ ယူဆပါတယ်။”

A d v e r t i s e m e n t With Us

More News
Up