Home
မြန်မာသတင်း
မြိတ်တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အစမ်းလေ့ကျင့်
DVB
·
December 10, 2017
24991192_1181117358699048_3589385206406265116_n
24909800_1181117068699077_8727164761217333474_n
24900111_1181117328699051_6789172211848386157_n
24900056_1181117128699071_4926228455712514052_n
24900009_1181117255365725_2190668075565256855_n
  တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ စည်ပင်သာယာရေးဈေးမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က မီးဘေးအန္တရာယ်ကာကွယ်ရေး အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ “ပွင်းရာသီရောက်တိုင်း ဆိပ်ငယ်ဈေးကို စမ်းသပ်လေ့ကျင့်ပါတယ်။ မီးလောင်မှုဖြစ်ပွားရင် စနစ်တစ်ကျနဲ့ အမြန်ဆုံးမီးငြိမ်းသတ်နိုင်အောင် လေ့ကျင့်တာဖြစ်တယ်။ နောက်တစ်ချက်က ပွင့်လင်းရာသီမှာ မီးသတ်ကားတွေရဲ့ စက်တွေကို စစ်ဆေးပြီးသားဖြစ်သွားတယ်။ အရန် မီးသတ် တပ်ဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်ရာမှာ စနစ်တကျဖြစ်အောင် လေ့ကျင့်တာ ဖြစ်တယ်” လို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။ ပွင့်လင်းရာသီ မီးဘေးအန္တရာယ် ကာကွယ်ရာမှာ ရေချိုရှားပါးမှုလျှော့ချဖို့ ရည်ရွယ်ချက်နဲ့ အတူ မီးငြိမ်းသတ်တဲ့ စနစ်ကိုလည်း ဒီနှစ်မှာ ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။ “အရင်နှစ်တွေက သာမန်မီးငြိမ်းသတ်တာပဲ ဆောင်ရွက်ခဲ့တယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား စနစ်ပြောင်းပြီးဆောင်ရွက်ထားပါတယ်။ အရင်နှစ်တွေက မီးသတ်ကားတစ်စီးမှာ ပါတဲ့ရေ ၁၀ မိနစ် ငြိမ်းသတ်ရင် ရေကုန်သွားတယ်။ အခုပြောင်းလဲလိုက်တဲ့စနစ်က ၁၀ မိနစ် ငြိမ်းသတ်ပေမယ့် ရေက ကျန်နေသေးတယ်။ ရေအကုန်ကျသက်သာမယ် ထိထိရောက်ရောက် ငြိမ်းသတ်နိုင်မယ်။ရေက တဖြေးဖြေးခမ်းခြောက်လာတော့ ကျနော်တို့အနေနဲ့လည်း ရေကိုခြိုးခြံချွေတာရမှာ ဖြစ်တယ်” လို့ ဦးဇော်ဝင်း က ထပ်မံပြောကြားပါတယ်။ မြိတ်မြို့နယ်မီးသတ်ဦးစီဌာနမှာ မီးသတ်ယာဉ် ၉ စီး နဲ့ ကိုယ်ထူကိုယ်ထ ရပ်ကွက်မီးသတ်ယာဉ် ၁၆ စီး စုစုပေါင်း ၂၅ စီးရှိတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024