Home
မြန်မာသတင်း
၂၀၁၇ စာပေညီလာခံကြိုဆိုပွဲ ကျင်းပ
DVB
·
December 10, 2017
  ၂၀၁၇ စာပေညီလာခံကြိုဆိုပွဲကို မြို့တော်ခန်မရှေ့ ဗန္ဓုလပန်းခြံမျက်နှာစာမှာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၂ ရက်နေ့ထိ ညနေ ၄ နာရီမှ ည ၁၁ နာရီထိ ကျင်းပနေပါတယ်။ ဒီစာပေညီလာခံကြိုဆိုပွဲဟာ အရပ်သားအစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာပါ။ အလားတူ ၂၀၁၇ စာပေညီလာခံပွဲတော်ကို ဒီဇင်ဘာ ၁၃- ၁၄- ၁၅ ရက်နေ့တွေမှာ မနက် ၉း၄၅ နာရီကနေ ညနေ ၅ နာရီထိ ရန်ကုန်မြို့ မင်းဓမ္မလမ်း၊  MCC ခန်းမမှာ ကျင်းပ မှာဖြစ်ပါတယ်။ ဒီညီလာခံကို မြန်မာနိုင်ငံ စာပေအနုပညာ အဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ၀ိုင်းဝန်းပံ့ပိုးကူညီမှာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်မှာလည်း စာပေညီလာခံကို ကမ္ဘာအေးမှာ ကျင်းပခဲ့ပေမယ့် အခုလို လွပ်လွပ်လပ်လပ်ကျင်းပခွင့်မရခဲ့ပါဘူး။ သားကြီးမောင်ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024