DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ပြည်ပခရီး​ စတင်မည်
DVB
·
April 18, 2012
ဒေါ်​အောင်ဆန်း​စုကြည် ပြည်ပခရီး​ စတင်မည်
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဥ​ရောပ နိုင်ငံ​တွေကို မကြာခင် လပိုင်း​အတွင်း​ ခရီး​ထွက်ဖို့​ ရှိပြီး​ သူ့​ရဲ့​ ပထမဆုံး​ခရီး​စဉ်ဟာ ​နော်​ဝေနိုင်ငံဖြစ်ဖို့​ များ​ တယ် လို့​ ပါတီနာယက ဦး​တင်ဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

“သူခါတိုင်း​ပြော​နေကျက​တော့​ သူ့​ကို ငြိမ်း​ချမ်း​ရေး​ဆု​ပေး​တဲ့​ ​နော်​ဝေနိုင်ငံကို ပထမဆုံး​သွား​မယ် ဒီလိုပဲ ​ပြောသံကြား​တာပဲ။ ပြီး​တော့​ ​နော်​ဝေနိုင်ငံမှာလည်း​ပဲ သူတို့​ ​အော်စလိုမြို့​မှာ အမျိုး​သား​ကွန်ဗင်း​ရှင်း​လို ကြီး​ကျယ်တဲ့​ ဖိုရမ်ကြီး​ တခုရှိတယ်ဆိုတာ အဲဒီဖို ရမ်နဲ့​တိုင်ဆိုင်​နေတဲ့​အတွက်​ကြောင့်​မို့​လို့​ ဖိတ်တယ်တဲ့​။ သူ​ပြောတာပဲ​လေ၊​ ကျ​နော်တို့​ ဒီ​နေ့​ ထိုင်စကား​ပြော​တော့​ ။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဗြိတိန်နိုင်ငံအပါအဝင် တခြား​ဥ​ရောပနိုင်ငံတချို့​ကို သွား​ရောက်ဖွယ်ရှိတယ်လို့​လည်း​ ဦး​တင်ဦး​က ဆက်​ပြောပါတယ်။

“ဒီတစ်ခါထွက်ရင်​တော့​ သူ​ပြောတဲ့​စကား​အတိုင်း​က​တော့​ သူက ၁ ပတ်၊​ ၂ ပတ်​လောက် နိုင်ငံခြား​မှာလုပ်လိုက်။ ဒီမှာပြန်ပြီး​တော့​ အလုပ်လုပ်လိုက်- ပြီး​တော့​ ​တော်​တော်​လေး​အသား​ကျသွား​လို့​ရှိရင် ပြန်ထွက်လိုက်။ အဲသလိုသွား​မယ်လို့​ နား​လည်တယ်။ ဒီတ​ခေါက်မှာ ​နော်​ဝေတို့​ဘာတို့​သွား​ရင်း​နဲ့​ စကင်ဒီ​နေး​ဗီး​ယန်း​တိုင်း​ပြည်​တွေလည်း​ သူ​ရောက်မလား​မသိဘူး​။ အင်္ဂလန်ဘက်ကို​တော့​ ​ရောက်မယ်လို့​ ကျ​နော်ထင်တယ်။ အင်္ဂလန်က ​အောက်စဖို့​မှာလည်း​ သူရဲ့​ ဘွဲ့​လေ။ မာစတာတခု​ရေး​ထား​တာ။ အဲဒါနဲ့​ပတ်သက်တဲ့​ ဘွဲ့​ ။ အဲဒါယူဖို့​ရှိတယ်။ အဲဒါကလည်း​ သူတို့​ထုံး​စံအတိုင်း​ ကိုယ်တိုင်လာမှ ​ပေး​တယ်ဆိုတဲ့​ ​ဒေါက်တာဘွဲ့​ပေါ့​နော်။ အဲဒါအတွက်ကလည်း​ သူကိုယ်တိုင်ယူမယ်လို့​လည်း​ ​ပြောသံကြား​တယ်။”

တကယ်လို့​ ခရီး​ထွက်ဖြစ်မယ်ဆိုရင် ဒီခရီး​စဉ်ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်အတွက် နှစ်​ပေါင်း​ ၂၀ ​ကျော်အတွင်း​ ပထမဆုံး​ မြန်မာနိုင်ငံပြင်ပ ကို သွား​ရောက်တဲ့​ခရီး​စဉ် ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အရာရှိ ဦး​ခွန်သာမြင့်​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြီး​ခဲ့​တဲ့​ သီတင်း​ပတ်အတွင်း​က နိုင်ငံကူး​လက်မှတ် စတင်​လျှောက် ထား​ခဲ့​တယ်လို့​ပြောပါတယ်။

“ပတ်စ်ပို့​က ၁၂ ရက်​နေ့​ကမှ လာပြီး​တော့​ ဓာတ်ပုံရိုက်ပါတယ်။ ​နောက်ပြီး​တော့​ ဆိုင်း​ ထိုး​ပြီး​တော့​ ပုံစံ​ဖောင် ယူသွား​တာ (၁၂) ရက်​နေ့​ကမှ။ အခုမှ (၆) ရက် ရှိပါ​သေး​တာ​ပေါ့​။ အဆင်​ပြေမှာပါ။ ၃ ပတ်ကြာပါလိမ့်​မယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြည်ပခရီး​စဉ်သတင်း​ဟာ ကမ္ဘာ့​မီဒီယာ​တွေမှာလည်း​ ထိပ်တန်း​သတင်း​အဖြစ် ​ဖော်ပြ​နေကြပါတယ်။

လွန်ခဲ့​တဲ့​သီတင်း​ပတ်တုန်း​က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ကိုယ်တိုင်​တွေ့​ဆုံခဲ့​တဲ့​ ဗြိတိန်ဝန်ကြီး​ချုပ်ကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဇွန်လကျရင် ဗြိတိန်လာလည်ဖို့​ ဖိတ်ကြား​ခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပညာသင်ကြား​ရင်း​ ပြည်ပမှာ အ​ခြေချ​နေထိုင်ရာက မိခင် ​ဒေါ်ခင်ကြည် မကျန်း​မာတာကို ပြန်လည်​စောင့်​ရှောက်ရင်း​ ၁၉၈၈ ခုနှစ်မှာ သမိုင်း​ဝင် လူထုအ​ရေး​တော်ပုံနဲ့​ ကြုံ​တွေ့​ကာ နိုင်ငံ​ရေး​လောကထဲ ​ခြေစုံပစ်ဝင်ခဲ့​ပြီး​ မြန်မာပြည်တွင်း​မှာပဲ ​နေထိုင်ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013