အမေရိကန်တွင် ပျက်ကျ လေယာဉ်ငယ်ကို ရေကန်ကြီးထဲ ရှာတွေ့

1.7K
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်က ရေကန်ကြီးထဲ ပျက်ကျခဲ့တဲ့ လေယာဉ်ငယ်တစီးကို ကယ်ဆယ်ရေးအဖွဲ့က မနေ့က ရှာတွေ့ခဲ့ပါတယ်။
ဒီလေယာဉ်ဟာ အော်လန်ဒိုစန်ဖို့ဒ် နိုင်ငံတကာလေဆိပ်ဆီ ပျံသန်းနေတုန်း ဒီဇင်ဘာ ၇ ရက်နေ့က ပျက်ကျခဲ့တာပါ။
လေယာဉ်ငယ်က ဟာနေရေကန်ထဲကို ပျက်မကျခင် လေယာဉ်ပေါ်မှာ လေယာဉ်မှူးနဲ့ ခရီးသည် ၂ ယောက်ပါတယ်လို့ အရာရှိတွေက ပြောပါတယ်။
လေယာဉ်ပေါ် ပါသွားတဲ့ လူ ၃ယောက်ရဲ့ အလောင်းတွေကို ရေငုပ်သမားတွေက ရှာတွေ့ခဲ့ပါတယ်။