A d v e r t i s e m e n t With Us

MPT ငွေဖြည့်ကတ်ရာင်းရငွေ မအပ်သည့် ကုမ္ပဏီဝန်ထမ်းကို အမှုဖွင့်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် မြန်မာပိတောက်ကုမ္ပဏီရုံးခွဲ အရောင်းစာရေးဝန်ထမ်းကို MPT ငွေဖြည့်ကတ်တွေထုတ်ယူသွားပြီး ရောင်းရငွေမသွင်းဘဲ တိမ်းရှောင်နေလို့ ဒီဇင်ဘာလ ၈ ရက်ညနေက အမှုလာဖွင့်တယ်လို့ သာစည်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ နေပြည်တြော်မန်မာပိတောက်ကုမ္ပဏီက သာစည်ရုံးခွဲအတွက် အရောင်းစာရေးဝန်ထမ်းအဖြစ် မျိုးလွင်ဦးကိုခန့်အပ်ခဲ့တယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ ရောင်းချပေးဖို့ MPT ငွေဖြည့်ကတ်မျိုးစုံ ၆၉၃ ကတ် တန်ဖိုးငွေ ၈ သိန်းခွဲကျော် ငွေမသွင်းတဲ့ အတွက် လိုက်လံစုံစမ်းရှာဖွေရာ တိမ်းရှောင်နေခဲ့လို့ အမှုလာဖွင့်တယ်လို့ သာစည်မြို့မရဲစခန်းက ရဲအရာရှိက ပြောပါတယ်။ သာစည်မြို့မ ရဲစခန်း ဒုရဲအုပ်အောင်လှိုင်ဋ္ဌေးက “မြန်မာပိတောက်ကုမ္ပဏီက ကိုအောင်တေဇာထက်က တရားလိုလုပ်တယ်။ ငွေဖြည့်ကတ်ဖိုးတွေ လာမပေးလို့ လိုက်ရှာတာ ရှောင်တိမ်းနေလို့ ဒီနေ့ပဲအမှုလာဖွင့်တယ်"လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းက မျိုးလွင်ဦးကို ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ-၄၀၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up