နစ်ကီက ရွှေဘောလုံးဆုရ ရော်နယ်ဒိုအတွက် ဖိနစ်သစ်တရံ ထုတ်လုပ်ပေးအပ်
DVB
·
December 10, 2017
ရွှေဘောလုံးဆုကို ၅ ကြိမ်မြောက်ရရှိခဲ့တဲ့ ရော်နယ်ဒိုအတွက် သူ့ရဲ့ ဘောလုံးကန်ဖိနပ် အဓိက စပွန်ဆာ နစ်ကီကုမ္ပဏီက အမှတ်တရ ဖိနပ်သစ်တစ်ရံ ထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။
ကွင်တိုထရိုင်အန်ဖို အမည်ရှိ မာကျူရီရယ်စူပါဖလိုင်းဗွီ အမျိုးအစားဖိနပ်ဟာ ငွေရောင်နဲ့ ရွှေရောင်စပ်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီးတော့ ဖိနပ်ရဲ့ အတွင်းပိုင်းမှာ ရော်နယ်ဒို ရွှေဘောလုံးဆုရရှိခဲ့တဲ့ ခုနှစ်တွေပါရှိပါတယ်။
နစ်ကီကုမ္ပဏီကတော့ ရော်နယ်ဒိုဟာ ကုမ္ပဏီအတွက် စံပြတစ်ခုပါ။ သူဟာ သမိုင်းတွင်မယ့် ဂိုးတွေသွင်းယူနေခဲ့သူဖြစ်တာကြောင့် အမှတ်တရ ထုတ်လုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုဟာ မက်ဆီတင်ထားခဲ့တဲ့ ရွှေဘောလုံးဆု ၅ ကြိမ်ရရှိထားတဲ့ စံချိန်နဲ့လည်း တူသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ ဆီဗီလာအသင်းနဲ့ ပွဲစဉ်အတွက် ရွှေဘောလုံးဆုကို ရယူပြီးချင်းမှာပဲ ရီးရဲမက်ဒရစ်အသင်းနဲ့ အတူလေ့ကျင့်ခန်းဆင်းနေပြီး လာမယ့် ပြိုင်ပွဲတွေမှာတော့ ဖိနပ်အသစ်ကို ဝတ်ဆင်ကစားသွားဖွယ်ရှိနေပါတယ်။