A d v e r t i s e m e n t With Us

မန်စီးတီးအသင်းသားများ ဒိုင်ဗင်ကစားသမားများဟု မော်ရင်ဟိုပြော

မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားတွေဟာ ဒိုင်ဗင်ကစားသမားတွေလို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်ပါတယ်။ ၁၇၅ ကြိမ်မြောက်တွေ့ဆုံတဲ့ မန်ချက်စတာဒါဘီမှာ နှစ်သင်းဟာ ၈ မှတ်အထိ ကွာဟနေတာကြောင့် အနိုင်အရှုံးဟာ အမှတ်ကွာဟချက်ကို ကျဉ်းမြောင်းသွားစေနိုင်မယ်လို့ မော်ရင်ဟိုက ယုံကြည်ထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ မန်ချက်စတာယူနိုက်တက်အသင်းက ၇၂ ကြိမ် နိုင်၊ မန်စီးတီးအသင်းက အကြိမ် ၅၀ အနိုင်ရထားပြီးတော့ မန်ချက်စတာယူနိုက်တက်အသင်းက အသာရထားပေမယ့် ဂွါဒီယိုလာနဲ့ မော်ရင်ဟိုတို့ရဲ့ တွေ့ဆုံမှုမှာတော့ ဂွါဒီယိုလာက ၈ ပွဲအနိုင်ရရှိပြီးတော့ မော်ရင်ဟိုက ၄ ပွဲသာ အနိုင်ရထားပါတယ်။ လာမယ့်ပွဲစဉ်နဲ့ ပတ်သက်လို့ ဂွါဒီယိုလာကတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း ဖလားကို ရယူချင်သလို မန်စီးတီးအသင်းဟာလည်း ဖလားကို ရယူလိုကြောင်း၊ ဒီကွာဟချက် ၈ မှတ်ကို မတွေးထားပဲ အနိုင်အရှုံးဟာလည်း ပရီးမီးယားလိဂ်ဆုဖလားရရှိရေးအတွက် မသက်ဆိုင်ကြောင်း ပြောကြားထားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up