A d v e r t i s e m e n t With Us

ပြည်ပ​ရောက်မြန်မာများ​ ​နေရာပြန်ချထား​ရေး​ ကွင်း​ဆင်း​လေ့​လာ

အ​ကြောင်း​မျိုး​မျိုး​ကြောင့်​ ပြည်ပ​ရောက်ရှိ​နေတဲ့​ မြန်မာနိုင်ငံသား​တွေကို ပြန်လည် ​နေရာချထား​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​လုပ်ငန်း​အတွက် မြဝတီမြို့​နယ် တာဝန်ရှိသူ​တွေဟာ ကွင်း​ဆင်း​လေ့​လာမှု​တွေ ဒီ​နေ့​မနက်က ပြုလုပ်​နေတယ်လို့​ သိရပါတယ်။ [caption id="attachment_24239" align="alignleft" width="300" caption="ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေစဉ်"][/caption] မြဝတီခရိုင် အုပ်ချုပ်​ရေး​မှူး​ ဦး​မြင့်​တင်နဲ့​ အစိုး​ရဌာန​ပေါင်း​ ၁၄ ခုက တာဝန်ရှိသူ​တွေဟာ မြဝတီမြို့​နယ်အတွင်း​မှာရှိတဲ့​ ကလိုထူး​ဘော ကရင်အစည်း​အရုံး​ (​ကေ​ကေအို)ရဲ့​ ထိန်း​ချုပ်​ဒေသဖြစ်တဲ့​ ​ဝေါ်​လေနဲ့​ ချူး​ကလိ ​ဒေသဘက်မှာ ကွင်း​ဆင်း​လေ့​လာတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ဝန်ကြီး​ချုပ်ရဲ့​ တာဝန်​ပေး​ချက်အရ ခုလို ကွင်း​ဆင်း​ ​လေ့​တာတာဖြစ်ပြီး​ ဒီမနက်ပိုင်း​မှာ ​ကေ​ကေအို အ​ခြေစိုက် ဆုံစည်း​မြိုင်မှာ သွား​ရောက်ပြီး​ ​ကေ​ကေအို တာဝန်ရှိသူ​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ မြဝတီခရိုင် တာဝန်ရှိသူ​တွေ လာ​ရောက် ​တွေ့​ဆုံမှုနဲ့​ ပတ်သက်ပြီး​ ​ကေ​ကေအိုအတွင်း​ရေး​မှူး​ ​စောဂုဏ်​အောင်က အခုလို ရှင်း​ပြပါတယ်။ “သူတို့​ပြောတာက ထိုင်း​နိုင်ငံမှာ ရှိ​နေတဲ့​ ဒုက္ခသည်စခန်း​က လူ​တွေကို ပြန်ပြီး​တော့​ လက်ခံဖို့​အတွက်ဆိုတဲ့​ အစီအစဉ်နဲ့​ လာတာ ဖြစ်ပါတယ်။ အဲဒါကို သူတို့​က ​ဝေါ​လေနဲ့​ ချူး​ကလိဘက်မှာ ပြန်ပြီး​ ​နေရာချထား​ပေး​ပေမယ့်​ဟာကို ကျ​နော်တို့​ဆီလာပြီး​ ဘယ်​နေရာချထား​ပေး​ရင် အဆင်​ပြေမလဲဆိုတာကို ​ဆွေး​နွေး​တာ​ပေါ့​။ ကျ​နော်တို့​က​တော့​ ဒီဥစ္စာက ကျ​နော်တို့​ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူး​ဆိုတဲ့​ အ​ကြောင်း​နဲ့​ ​ကေအန်ယူတို့​၊​ ​ကေအာရ်စီတို့​၊​ ဒုက္ခသည်​တွေကို ​ထောက်ပံ့​ပေး​နေတဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တွေရယ်၊​ ထိုင်း​အာဏာပိုင်​တွေ၊​ ယူအန်အိပ်ခ်ျစီအာက အရာရှိ​တွေ အစရှိသူ​တွေ အား​လုံး​နဲ့​ မြန်မာအစိုး​ရတို့​ ​ဆွေး​နွေး​ပြီး​မှ ဒါက လုပ်လို့​ရမယ့်​ ကိစ္စ ဖြစ်တယ်။ အဓိက​တော့​ ဒုက္ခသည်​တွေက သူတို့​ကိုယ်တိုင် လိုလိုလား​လား​နဲ့​ စိတ်အပူအပင်ကင်း​စွာ ပြန်နိုင်ဖို့​ အ​ရေး​ကြီး​ဆုံး​ ဖြစ်တယ်လို့​ ကျ​နော်တို့​က ရှင်း​ပြလိုက်ပါတယ်။” ​တွေ့​ဆုံ​ဆွေး​နွေး​အပြီး​ ည​နေပိုင်း​မှာ​တော့​ ဦး​မြင့်​တင်နဲ့​အဖွဲ့​ဟာ ​ဝေါ်​လေကို သွား​ရောက်ခဲ့​ပါတယ်။ အဲဒီမှာ ညအိပ်ပြီး​ မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး​ ဖွံ့​ဖြိုး​ရေး​နဲ့​ ပြန်လည်​နေရာချထား​ရေး​အတွက် သွား​ရောက်မှာဖြစ်တယ်လို့​ ​စောဂုဏ်​အောင်က ​ပြောပါတယ်။ ဒါ​ပေမယ့်​ ထိုင်း​နိုင်ငံကို ​ရောက်ရှိ​နေတဲ့​ မြန်မာဒုက္ခသည်​တွေက​တော့​ မြန်မာနိုင်ငံကို ပြန်ဖို့​ ဘယ်အဖွဲ့​အစည်း​ကမှ တိုက်တွန်း​တာ မရှိသလို ပြန်ဖို့​လည်း​ အစီအစဉ် မရှိတဲ့​အ​ကြောင်း​၊​ မြန်မာနိုင်ငံအတွင်း​ စစ်မှန်တဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ရှိရင်​တော့​ ဒုက္ခသည်​တွေ ​နေရပ်ပြန်ဖို့​ အ​နေအထား​ရှိတယ်လို့​ မယ်လ ဒုက္ခသည်စခန်း​ ဥက္ကဋ္ဌ ​စောထွန်း​ထွန်း​က ​ပြောပါတယ်။ “နယ်စပ်​ဒေသမှာ တိုက်ပွဲ​တွေ မရှိ​တော့​ဘူး​။ တစုံတရာထိ ငြိမ်း​ချမ်း​မှု​တွေ ရယူနိုင်မယ်ဆိုရင်​တော့​ ပြန်ဖို့​ အ​နေအထား​တော့​ ရှိတာ​ပေါ့​။ ဒါ​ပေမယ့်​ ဒုက္ခသည် ပြန်ဖို့​ စတင် ​ဆွေး​နွေး​နိုင်မယ့်​ အ​ခြေအ​နေ​တွေ၊​ ​နေရပ်ကို ပြန်ပို့​နိုင်ဖို့​ အစီအစဉ်​တွေ ဆွဲနိုင်ဖို့​ အ​ခြေအ​နေက​တော့​ မြန်မာနိုင်ငံမှာ တကယ့်​ စစ်မှန်တဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ရရှိနိုင်မယ့်​ အချိန်၊​ ရရှိနိုင်မယ့်​ လမ်း​စ​တွေ မြင်လာမယ်။ လှုပ်ရှား​ဆောင်ရွက်မှု​တွေ ရှိလာမယ့်​ အချိန်​လောက်မှပဲ ဒုက္ခသည်ပြန်ပို့​ရေး​ အစီအစဉ်​တွေ စတင်လုပ်​ဆောင်မယ်လို့​ ​မျှော်လင့်​ပါတယ်။” ထိုင်း​-မြန်မာနယ်စပ်​နေ ဒုက္ခသည်​တွေကို ပူး​ပေါင်း​ကူညီ​ပေး​နေတဲ့​ (တီဘီဘီစီ)အဖွဲ့​ရဲ့​ စာရင်း​အရ ထိုင်း​နိုင်ငံအတွင်း​မှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁သိန်း​ခွဲခန့်​ ရှိတယ်လို့​ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up