မြန်အောင်တွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ ထန်းပင်ဝင်တိုက်၊ တဦးသေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မြန်အောင်မြို့မရဲခန်းအပိုင် တဲကြီးကုန်းကျေးရွာနားမှာ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်တစီး အရှိန်မထိန်းနိုင်ပဲ ထန်းပင် ၀င်တိုက်မိလို့ ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ မြန်အောင်မြို့နယ်ခေတ္တမြို့နယ်မှူး ဒုရဲကျော်ထူးနိုင်က “ဟုတ်ပါတယ်။ မနေ့က နေလယ် ၁၂ ခွဲကပါ။ ကြံခင်းဘက်ကနေ မြန်အောင်ဘက်ကို သေဆုံးသွားသူနဲ့ နောက်တသူဦးက မောင်းနှင်းလာတာလေ။ ပြီးတော့ ဦးထုပ်ဆောင်းမထားဘူး။ ဆိုင်ကယ်ကလည်း ကြံ့ခိုင်မှုမရှိဘူးလေ။ အရှိန်လည်းများရော တိုက်တော့တာပေါ့။ ဒါကိုပြည်သူလူထုအနေနဲ့ သင်ခန်းစာယူသင့်တယ်။ ဆိုင်ကယ်ကြံ့ခိုင်မူစတဲ့ ယာဉ်စည်းလမ်းကမ်းတွေကို လိုက်နာပြီး ခုဖြစ်စဉ်ကို နမူနာသင်စာယူသင့်တယ်” လို့ ပြောပါတယ်။ မြန်အောင်မြို့မ ရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်ပြီး သေဆုံးခဲ့မှုကြောင့် ရာဇသတ်ကြီး ပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up