အကျဉ်းသား ကျောင်းသား ၁၃ ဦး အဝေးသင်တက္ကသိုလ်စာမေးပွဲ ဖြေဆိုခဲ့
DVB
·
December 9, 2017
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ကျင်းပတဲ့ အဝေးသင်တက္ကသိုလ် စာမေးပွဲမှာ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသား ကျောင်းသား ၁၃ ဦး စာမေးပွဲ ဖြေဆိုခဲ့ပါတယ်။
အင်္ဂလိပ်စာ တတိယနှစ် ၁ ဦး၊ ပထဝီဝင် ဒုတိယနှစ် ၂ ဦး၊ မြန်မာစာ ဒုတိယနှစ် ၁ ဦး၊ မြန်မာစာ ပထမနှစ် ၆ ဦး၊ သမိုင်း ပထမနှစ် ၂ ဦး၊ ဒဿနိက ပထမနှစ် ၁ ဦး၊ စုစုပေါင်း အကျဉ်းသား ကျောင်းသား ၁၃ ဦးတို့ဟာ အကျဉ်းထောင်တွင်း စာစစ်ဌာန၊ ထောင်တွင်းကဇာတ်ရုံ (K4) မှာ ဖြေဆိုပြီးစီးခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။