မက္ကဆီကိုတွင် နှင်းမုန်တိုင်း တိုက်ခတ်

အမေရိကန်နိုင်ငံ တောင်ပိုင်း၊ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတလွှား အစိတ်အပိုင်းတွေမှာ အားကောင်းတဲ့ အအေးလှိုင်းဖြတ်သန်းခဲ့လို့ ပုံမှန်မဟုတ်တဲ့ နှင်းမုန်တိုင်းတရပ် တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ဆယ်စုနှစ်တွေအတွင်း မမြင်ဖူးတဲ့ နှင်းကျတာကို တွေ့မြင်ခဲ့ရတာပါ။ တောင်ထူထပ်တဲ့ မက်ဆီကို မြောက်ပိုင်းမှာ နှင်းကြောင့် အဝေးပြေး လမ်းတွေတလျှောက် ရာနဲ့ချီတဲ့ ကားတွေ သောင်တင် ပိတ်ဆို့နေခဲ့တာပါ။ တချို့ဒေသခံတွေက နှင်းဘောလုံးပစ်ပေါက် ကစားခဲ့ကြပြီး နှင်းဖုံးရှုခင်းကို ကြည့်ဖို့ ပန်းခြံတွေဆီ သွားရောက် လည်ပတ်ခဲ့ကြပါတယ်။ ကုန်းမြင့်ဒေသဖြစ်တဲ့ နွီဗိုလီယွန်၊ တာမူလီပတ်စ်၊ ကိုအာဟွေလာ၊ ဒူရန်ဂိုနဲ့ ချီဟွာဟွာ ဒေသတွေမှာ အပူချိန်ဟာ ရေခဲမှတ်အောက် ငါးဒီဂရီ စဲလ်စီးယပ်စ်ထိ ရောက်နိုင်တယ်လို့ မက်ဆီကို မိုးလေဝသ ဌာနက ပြောခဲ့ပါတယ်။

More News
Up