A d v e r t i s e m e n t With Us

မော်လိုက်မြို့အနီးတွင် ငလျင်လှုပ်ခတ်

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးမှာ အင်အား နည်းနည်းရှိတဲ့ ငလျင်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာပါတယ်။ ၈ နာရီ ၈ မိနစ်၊ ၄၁ စက္ကန့်အချိန်မှာ မန္တလေးမြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် မိုင် ၁၇၀ မိုင်လောက်အကွာ၊ မော်လိုက်မြို့ရဲ့ အနောက်မြောက်ဘက် ၁၆ မိုင်လောက်ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျစတာစကေး (၃.၇) အဆင့် အင်အား နည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတာကို တိုင်းထွာရရှိတယ်လို့ ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up