A d v e r t i s e m e n t With Us

နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ပူးပေါင်းမြှင့်တင်ရေး ရုရှားနှင့်တရုတ် ဆွေးနွေး

ရုရှားသမ္မတ ပူတင်နဲ့ တရုတ်ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ကျန်းယို့ရှားတို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဒီဇင်ဘာ ၇ ရက်က တွေ့ဆုံခဲ့ကြပြီး စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုတွေကို မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ရုရှား-တရုတ် ဆက်ဆံရေးမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိကြောင်း၊ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ စစ်ဘက်ဆိုင်ရာအရှိတွေကို လေ့ကျင့်ပေးမှုတွေကို ဆက်လက်ပူးပေါင်းသွားသင့်တယ်လို့ ရုရှားသမ္မတ ပူတင်ကပြောပါတယ်။ ဒါ့အပြင် ရုရှားရဲ့ နိုင်ငံခြားရေးမူဝါဒမှာ တရုတ်နဲ့ ဆက်ဆံရေးကို ဦးစားပေး သတ်မှတ်ထားသလို၊ အဆင့်မြင့် မဟာဗျူဟာမြောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရုရှားသမ္မတက ချီးကျူးစကားပြောကြားခဲ့ပါတယ်။ တရုတ်ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်လည်း ဖြစ်တဲ့ ကျန်းယို့ရှားကလည်း နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ ထိရောက်တဲ့ လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့အတူ ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း ရှိကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up