Live
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​ယူပြီး​နောက် ၀ ​ဒေသ ဖွံ့​ဖြိုး​တိုး​တက်လာဟု ယူဒဗလျူအက်စ်​အေ ​ပြော
နန်းမြနဒီ
·
April 18, 2012
မြန်မာအစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ယူပြီး​ နှစ်​ပေါင်း​ ၂၀ ​ကျော်အကြာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ ‘၀’ ​ဒေသ ဖွံ့​ဖြိုး​တိုး​တက်လာပြီလို့​ ဝပြည် ​သွေး​စည်း​ညီညွတ်​ရေး​တပ်မ​တော် (ယူဒဗလျူအက်စ်​အေ) နဲ့​ ပါတီ အကြီး​အကဲက ​ပြောပါတယ်။ [caption id="attachment_24223" align="alignleft" width="300" caption="ပေါက်ယူချန်း​"][/caption] ဧပြီ ၁၇ ရက်​နေ့​ မနက်ပိုင်း​က ၂၃ နှစ်ပြည့်​ ငြိမ်း​ချမ်း​ရေး​ အခမ်း​အနား​ကို ​ပေး​ပို့​တဲ့​ ပါတီ ဥက္ကဋ္ဌ ဦး​ပေါက်ယူချန်း​ရဲ့​ သဝဏ်လွှာမှာ ထည့်​သွင်း​ ​ပြောကြား​ခဲ့​တာလို့​ ယူဒလျူအက်စ်​အေ ပြင်ပဆက်ဆံ​ရေး​ဌာနကြီး​မှူး​ ဦး​စံခွန်း​က ​ပြောပါတယ်။ “ဥက္ကဋ္ဌ ကိုယ်စား​ ဒု - စစ်​သေနာပတိချုပ် ဦး​ကျောက်ကျုံး​ထန်း​က သဝဏ်လွှာ ဖတ်ကြား​ပေး​ပါတယ်။ အနှစ် ၂၀ ​ကျော် တိုး​တက်လာတဲ့​အ​ကြောင်း​၊​ ပြည်သူလူထုရဲ့​ ​နေထိုင်မှုဘဝ မြင့်​မား​လာတဲ့​အ​ကြောင်း​၊​ ၀ ပြည်နယ်အတွင်း​မှာ ​နေထိုင်ကြတဲ့​ တိုင်း​ရင်း​သား​ ၁၇ မျိုး​ စည်း​စည်း​လုံး​လုံး​ ရှိတဲ့​အ​ကြောင်း​၊​ ​နောင်ကို ဒီထက်ပိုပြီး​ ​သွေး​စည်း​ညီညွတ်ပြီး​ လူ​နေမှု အဆင့်​အတန်း​ ဒီထက် မြင့်​မား​အောင် ဆက်လက်ပြီး​ ကြိုး​စား​သွား​ကြဖို့​၊​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ​ချော​မွေ့​အောင် တည်​ဆောက်သွား​မယ်ဆိုတဲ့​ အ​ကြောင်း​ပေါ့​ဗျာ။” ၀ ထိန်း​ချုပ်နယ်​မြေ မိုင်း​ပေါက်မြို့​ စစ်​လေ့​ကျင့်​ရေး​ကွင်း​မှာ ကျင်း​ပခဲ့​တဲ့​ ဒီအခမ်း​အနား​ကို ၀ ပြည် ​သွေး​စည်း​ညီညွတ်​ရေး​ပါတီက ဗဟို​ကော်မတီဝင်​တွေ၊​ ဌာနကြီး​မှူး​၊​ တပ်မမှူး​၊​ ခရိုင်မှူး​၊​ အတွင်း​ရေး​မှူး​နဲ့​အတူ တရုတ်ပြည် မူး​ယစ်​ဆေး​ဝါး​နှိမ်နင်း​ရေး​ တပ်ဖွဲ့​က ကိုယ်စား​လှယ်၊​ မိုင်း​လား​ အထူး​ဒေသ ၄ က ကိုယ်စား​လှယ်​တွေ၊​ ​ဒေသတွင်း​ဖွံ့​ဖြိုး​ရေး​ အစီအစဉ်အတွက် ​ရောက်ရှိ​နေတဲ့​ အဖွဲ့​အစည်း​က ကိုယ်စား​လှယ်​တွေလည်း​ တက်​ရောက်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ မြန်မာအာဏာပိုင်​တွေ​တော့​ တက်​ရောက်ခဲ့​ခြင်း​ မရှိပါဘူး​။ ဒီပွဲကို ပန်ဆန်း​ဌာနချုပ်အ​နေနဲ့​ ကျင်း​ပတာမဟုတ်ဘဲ မိုင်း​ပေါက်ခရိုင်အဆင့်​ အ​နေနဲ့​ ကျင်း​ပတာဖြစ်ပြီး​ အခမ်း​အနား​ တက်​ရောက်သူ​ပေါင်း​ ၂ ​သောင်း​ကျော် ရှိပါတယ်။ ငြိမ်း​ချမ်း​ရေး​ အထိမ်း​အမှတ် အ​နေနဲ့​ အား​ကစား​ပြိုင်ပွဲ​တွေလည်း​ ကျင်း​ပခဲ့​ပြီး​ အနိုင်ရသူ​တွေကို ဆုချီး​မြှင့်​ခဲ့​ပါတယ်။ ၀ ပြည်​သွေး​စည်း​ညီညွတ်​ရေး​ပါတီဟာ ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို ​တော်လှန်ပြီး​နောက် အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ယူခဲ့​တာဖြစ်ပြီး​ အထူး​ဒေသ ၂ အ​နေနဲ့​ နယ်​မြေဖွံ့​ဖြိုး​ရေး​လုပ်ငန်း​တွေ လုပ်​ဆောင်ခဲ့​ပါတယ်။ ယခင်က မူး​ယစ်​ဆေး​ဝါး​ ထုတ်လုပ်တယ်လို့​ နာမည်ကြီး​ခဲ့​တဲ့​ ၀ ​ဒေသမှာ ဘိန်း​အစား​ထိုး​ သီး​နှံအဖြစ် ရာဘာပင်​တွေ၊​ လက်ဖက်ပင်​တွေ ​ပြောင်း​လဲ စိုက်ပျိုး​ခဲ့​တယ်။ ၂၀၀၉ ခုနှစ်မှာ နအဖအစိုး​ရက နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ဖို့​ ဖိအား​ပေး​တာ ခံရပြီး​ အ​ခြေအ​နေတင်း​မာခဲ့​တဲ့​အတွက် ၀ ​ဒေသမှာ​ရောက်ရှိ​နေတဲ့​ ဝန်ထမ်း​တွေကို အစိုး​ရက ပြန်​ခေါ်ခဲ့​ရဖူး​ပါတယ်။ ၂၀၁၁ မှာ ဦး​သိန်း​စိန်အစိုး​ရက တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အပစ်ခတ်ရပ်စဲ​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်ခဲ့​ရာက ၀ ကိုယ်စား​လှယ်​တွေနဲ့​ ၃ကြိမ် ​တွေ့​ဆုံခဲ့​ပြီး​ ၂၀၁၁ ခုနှစ် ​အောက်တိုဘာ ၁ ရက်​နေ့​မှာ ပြည်​ထောင်စုက​နေ မခွဲထွက်​ရေး​ သ​ဘောတူညီချက် လက်မှတ်​ရေး​ထိုး​ခဲ့​ပါတယ်။ ပြည်​ထောင်စုအဆင့်​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ကိုယ်စား​လှယ်​တွေနဲ့​ ​နောက်ထပ် ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ ရှိပြီး​ ဘယ်​တော့​ ​ဆွေး​နွေး​မလဲ ဆိုတာ​တော့​ မဆုံး​ဖြတ်ရ​သေး​ဘူး​လို့​ ယူဒဗလျူအက်စ်​အေက ​ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024