DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်​ပြီး ၁ နာရီခန့်အကြာတွင် ဆွဲမိုင်းပေါက်ကွဲ
DVB
·
December 8, 2017
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်​ပြီး ၁ နာရီခန့်အကြာတွင် ဆွဲမိုင်းပေါက်ကွဲ
Donate to DVB

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးညီပု အပါအဝင် ပြည်နယ်အစိုးရအဖွဲ့အချို့ လိုက်ပါသွားတဲ့ ယာဉ်တန်းဖြတ်သွားပြီးနောက် ၁ နာရီလောက်အကြာမှာ မြေပုံမြို့နယ်ထဲမှာ ဆွဲမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မြေပုံမြို့နယ်၊ ယောချောင်းတံတားအနီး မိုင်တိုင်အမှတ် ၄၅ မှာ ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ခရီးစဉ်မှာပါလာတဲ့ ဝန်ကြီးချုပ် ဦးညီပုရဲ့ ကိုယ်ရေးအရာရှိ ဦးကျော်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ယာဉ်တန်းကျော်သွားပြီးမှ မိုင်းကပေါက် ကျန်ခဲ့တာပါ။ နာရီပိုင်းလောက်တော့ မကွာဘူး။ ဒါပေမယ့် အချိန်အတိအကျတော့ ပြောလို့မရဘူး။ နောက်မှာ ပေါက်ကျန်ခဲ့တာတော့ အတိကျမသိဘူး။ နာရီပိုင်းတော့ မကြာဘူး။ မိနစ်ပိုင်းလောက်ပဲကြာတယ်။ ကျနော်တို့ ယာဉ်တန်းနဲ့။”

ဝန်ကြီးချုပ်နဲ့ လူမှုရေးဝန်ကြီးအပါအဝင် ပြည်နယ်အစိုးရအဖွဲ့တွေက တောင်ကုတ်-သံတွဲ-ဂွ ခရီးစဉ်ကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ သွားရောက်နေ တာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

ဆွဲမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရမှု ရှိတယ်၊ မရှိဘူးဆိုတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။

သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013