A d v e r t i s e m e n t With Us

ငါးမျှားချိတ်နှင့် ငြိနေသည့် လိပ်ကို ဆိပ်ခံတံတားပေါ်မှာ ခုန်ဆင်းကယ်တင် (ရုပ်သံ)

    အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ငါးမျှားချိတ်နဲ့ ငြိပြီး အခက်တွေ့နေတဲ့ လိပ်တကောင်ကို ဆိပ်ခံတံတားပေါ်က လူတဦးဟာ ရေထဲခုန်ဆင်းပြီး ကယ်တင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့က ဗင်းနစ်မြို့မှာ ငါးမျှားချိတ်နဲ့ငြိပြီး ဒုက္ခရောက်နေတဲ့ ပင်လယ်လိပ်တကောင်ကို အော်စတင်-ဆယ်ဘီ ဆိုသူ အမျိုးသားက ဆိပ်ခံတံတားပေါ်ကနေ ရေထဲခုန်ဆင်းပြီး ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ကယ်ဆယ်နေပုံကို ပုံမှန် ငါးမျှားသူတဦးဖြစ်တဲ့ ဒွန်ဇင်းဆိုသူက ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပင်လယ်လိပ်ကို ကယ်တင်ရာမှာ လိပ်ရဲ့လည်ပင်းကို နောက်ထပ် ငါးမျှားကြိုးတကြိုးက ရစ်ပတ်ခဲ့တဲ့အတွက် ကယ်ဆယ်သူ ဆယ်ဘီဟာ ၁၅ မိနစ်လောက် အချိန်ပေးပြီး ကယ်တင်ခဲ့ရပါတယ်။ ဖုန်းနဲ့ မှတ်တမ်းတင်သူ ဒွန်ဇင်းက မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ပင်လယ်လိပ်ကို ကယ်တင်ခဲ့တဲ့ ဆယ်ဘီရဲ့ လုပ်ရပ်ကို လေးစားဂုဏ်ယူမိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up