A d v e r t i s e m e n t With Us

အစ္စရေးရဲတပ်ဖွဲ့နှင့် ပါလက်စတိုင်းလူမျိုးများ ရုန်းရင်းဆန်ခတ်ဖြစ်

အစ္စရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ပါလက်စတိုင်းတွေ အနောက်ဘက်ကမ်းရိုးတန်းမှာ ဒီဇင်ဘာ ၇ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန်က အသိအမှတ် ပြုလိုက်တဲ့အပေါ် ပါလက်စတိုင်း လူမျိုးတွေက ဒေါသတွေ ပေါက်ကွဲနေကြတာပါ။ အယ်လ်ဘီရာနဲ့ ဘက်သလေဟမ်မြို့တွေမှာ ပါလက်စတိုင်းတွေက အစ္စရေး တပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီး အစ္စရေး တပ်တွေကလည်း လူအုပ်ကို လူစုခွဲဖို့ မီးသတ်ပိုက်တွေ မျက်ရည်ယို ဓာတ်ငွေ့တွေကို သုံးခဲ့ကြပါတယ်။ ဆန္ဒပြပွဲ အတော်များများကို အစ္စရေးစစ်တပ်က ပစ်ခတ်ခဲ့လို့ လူ ၁၇ ယောက် ဒဏ်ရာရတယ်လို့ ပါလက်စတိုင်း ဆရာဝန်တွေက ပြောပါတယ်။ ဆန္ဒပြသူတယောက် ကျည်ဆန်အစစ် ထိမှန်ခံရပြီး ၁၄ ယောက်က ရော်ဘာကျည်ဆန် ထိမှန်ခဲ့တာလို့ ဆရာဝန်တွေက ပြောပါတယ်။ စစ်တပ် ပြောခွင့်ရကတော့ စစ်သားတွေဟာ ရာနဲ့ချီတဲ့ ခဲနဲ့ပစ်ခတ်သူတွေကို ခုခံဖို့ အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေက အမေရိကန် သမ္မတရဲ့ ဂျေရုဆလင် ကြေညာချက်ကို ဆန့်ကျင်ပြီး အထွေထွေသပိတ်ဆင်နွှဲဖို့ ဆော်သြနေတာပါ။ ဂျေရုဆလင် ဘာသာရေးမြို့ကို အစ္စရေးကရော ပါလက်စတိုင်းကပါ သူတို့မြို့တော် ဖြစ်စေချင်နေပြီး ဒီအတွက် ဆယ်စုနှစ်ချီ အငြင်းပွားခဲ့ပါတယ်။ အမေရိကန်ရဲ့ ကြေညာချက်ဟာလည်း ဆယ်စုနှစ်ချီ ငြိမ်းချမ်းရေး မူဝါဒတွေကို နောက်ကြောင်းပြန်စေခဲ့တယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up