A d v e r t i s e m e n t With Us

မုံရွာ တရုတ်တန်း​ မီး​လောင်

စစ်ကိုင်း​တိုင်း​ မုံရွာမြို့​မှာ နှစ်ဆန်း​ ၁ ရက်​နေ့​ညက မီး​လောင်မှုတခု ဖြစ်ပွား​ခဲ့​တာ​ကြောင့်​ လူ​နေအိမ် ၅ လုံး​လောက် မီး​ထဲပါသွား​တယ်လို့​ မုံရွာမီး​သတ်ဌာနက ​ပြောပါတယ်။ မုံရွာမြို့​ ဗိုလ်ချုပ်လမ်း​ ဘုရား​ကြီး​ရပ်ကွက် တရုတ်တန်း​မှာ ည ၉ နာရီခွဲ​လောက်က​နေ ည ၁၀ နာရီ​ကျော်​လောက်အထိ မီး​လောင်ကျွမ်း​ခဲ့​တာလို့​ မီး​သတ်ဌာန တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ မီး​လောင်မှု​ကြောင့်​ လူ​တွေ ထိခိုက်ဒဏ်ရာရရှိမှု သတင်း​က​တော့​ မရ​သေး​ပါဘူး​။ မီး​လောင်မှုဖြစ်ရခြင်း​ အ​ကြောင်း​ရင်း​ကို​တော့​ စုံစမ်း​နေဆဲပဲလို့​ မီး​သတ်တပ်ဖွဲ့​က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up