A d v e r t i s e m e n t With Us

အန်အယ်ဒီပါတီဝင်​လျှောက်ထား​သူအချို့​ သတင်း​ပေး​များ​ ပါဝင်

မန္တ​လေး​တိုင်း​အတွင်း​ ပါတီဝင်​လျှောက်လွှာ​တွေ လက်ခံ​နေရာမှာ သတင်း​ပေး​တွေနဲ့​တခြား​နိုင်ငံ​ရေး​ ပါတီဝင်တချို့​ရဲ့​ ​လျှောက်လွှာ​တွေကိုပါ ​တွေ့​ရှိရတာ​ကြောင့်​ ​နောင် အရှုပ်အရှင်း​ မရှိ​အောင် အ​သေအချာ စိစစ်​နေတယ်လို့​ မန္တ​လေး​တိုင်း​ အန်အယ်လ်ဒီပါတီ တာဝန်ခံ ဦး​သိန်း​တန်က ​ပြောပါတယ်။ “အခုချိန်မှာ​တော့​ တမြို့​တည်း​မှာဆို​တော့​ သိ​နေကြတယ်။ တချို့​က သတင်း​ပေး​တွေ ဝင်လာကြတယ်။ တချို့​ကလည်း​ အန်ဒီအက်ဖ်ကလူ​တွေ ဝင်လာကြတယ်။ အဲဒါ​တွေကို ​စောင့်​ကြည့်​ပြီး​ အစည်း​အ​ဝေး​ထိုင်ပြီး​ ဆုံး​ဖြတ်မှာပါ။ ကြံ့​ခိုင်​ရေး​က တချို့​ပါတယ်။ တချို့​က ရိုး​ရိုး​သား​သား​နဲ့​ ထွက်လာတယ်။ ပါတီက ​ထောက်ခံစာ ယူလာပါဆိုပြီး​ အပ်တယ်ဆိုရင် လက်ခံထား​တာရှိတယ်။ တချို့​က အဲဒီလို မဟုတ်ဘဲနဲ့​ ဟိုဘက်ကလည်း​ ကတ်ကိုင်ထား​တယ်။ ကျ​နော်တို့​ဆီလည်း​ ​လျှောက်လွှာတင်ထား​တယ်။ အဲဒါမျိုး​လည်း​ ရှိတယ်။” ကြား​ဖြတ်​ရွေး​ကောက်ပွဲကာလက ပါတီ​အောင်နိုင်​ရေး​ကိစ္စ​တွေ ​ဆောင်ရွက် ​နေရတာ​ကြောင့်​ ပါတီဝင်​လျှောက်လွှာ စိစစ်​ရေး​ကို အခုမှ ​ဆောင်ရွက်ရမှာလို့​လည်း​ ဆိုပါတယ်။ မန္တ​လေး​တိုင်း​ တတိုင်း​လုံး​မှာ အန်အယ်လ်ဒီ ပါတီဝင်​လျှောက်လွှာ ၂ ​သောင်း​ ဖြန့်​ဝေထား​ပြီး​၊​ မန္တ​လေး​တမြို့​တည်း​ အ​နေနဲ့​တော့​ ​လျှောက်လွှာ ၅၀၀ ​လောက် လက်ခံရရှိထား​ပြီး​ ဖြစ်ပါတယ်။ ပါတီဝင်​လျှောက်လွှာ​တွေကို ရပ်/​ကျေး​အဆင့်​၊​ မြို့​နယ်အဆင့်​၊​ တိုင်း​အဆင့်​ စသဖြင့်​ အဆင့်​ဆင့်​ မှတ်ချက်​တွေ ​ပေး​ပြီး​မှ အဖွဲ့​ချုပ်ဗဟိုကို ပို့​ဆောင်မှာ ဖြစ်ပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပြန်လည်မှတ်ပုံတင်ပြီး​တဲ့​နောက် အရင် ပါတီဝင်​တွေအား​လုံး​ ပါတီဝင်အဖြစ် ​လျှောက်လွှာ ပြန်တင်ကြရတာလည်း​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up