Home
မြန်မာသတင်း
ငဖဲမြို့နယ် နတ်ရေကန်ဒေသတွင် ဘိန်းစိုက်ခင်း ၁၁ ဧက ဖျက်စီး
DVB
·
December 6, 2017
24796601_1767311390236981_2901576984960332882_n
24774734_1767311543570299_2153473919166999158_n
24312559_1767311320236988_6990009840595781682_n
24300969_1767311466903640_928096067395720178_n
  မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် နတ်ရေကန်ဒေသမှာ ဒီဇင်ဘာ ၅ ရက်နေ့က ဘိန်းစိုက်ခင်း ၁၁ ဧကကို ဖျက်ဆီးခဲ့ပါတယ်။ နတ်ရေကန်ဒေသဝန်းကျင် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်နဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဘိန်းစိုက်အပင်အမြင့် ၂ လက်မခွဲမှ အမြင့် ၁ ပေခွဲရှိ ဘိန်းစိုက်ခင်းထဲက အပင်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ်ကျော်မျိုးက ဒီဗွီဘီကို ပြောပါတယ်။ ဘိန်းစိုက်ခင်း ၂ ခင်းကို ဖျက်ဆီးခဲ့ပြီး တခင်းက ၁၀ ဧက၊ နောက်တခင်းက ၁ ဧက ဖြစ်ပြီး အဲဒီဘိန်းစိုက်ခင်းတွေကို  ဒီဇင်ဘာ ၄ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ နေ့စဉ် ဖျက်ဆီးမှာ ဖြစ်ကြောင်း ရဲအုပ်ကျော်မျိုးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024