Home
မြန်မာသတင်း
စမုံချောင်းရေ တိုက်စားမှုကြောင့် ပျူမြို့ဟောင်းပေါ်လာ
DVB
·
December 6, 2017
24909632_2580976608708007_4395043069080630183_n
24900037_2580977642041237_707482116061004003_n
24852307_2580977345374600_3542194530478510388_n
24852227_2580976788707989_4870881441644457382_n
24796517_2580977052041296_4476959470676721094_n
24775149_2580977415374593_2683600341843279513_n
24301333_2580976765374658_5071481010176135452_n
24301006_2580976688707999_3166334397042752318_n
24294285_2580977672041234_3597972222929374679_n
  မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် သင်္ဃန်းဆွဲအုပ်စု နဘဲကန်ရွာအနီး စမုံချောင်းရေ တိုက်စားတာကြောင့် မြေသားထု ၆ ပေလောက် ဖုံးအုပ်နေတဲ့ ပျူမြို့ဟောင်း စမုံချောင်းကမ်းပါးယံမှာ ပေါ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နဘဲကန်ရွာအထက်တန်းကျောင်းမှ ဆရာဦးကျော်ဦးက “စမုံချောင်းကမ်းပါးယံထဲမှာ မြို့ရိုးအုတ်တွေ ပေါ်လာတယ်။ အိုးကွဲတွေ အုတ်ကျိုးတွေ တွေ့နေရတယ်။ တူးလိုက် ဆွလိုက် လုပ်ပစ်ရင် သမိုင်းအမွေအနှစ်တွေ ပျောက်မှာစိုးတယ်။ အဲဒီခေတ်က အုတ်တချပ်က အခုခေတ်အုတ် ၃ ချပ်စာလောက် ရှိတယ်။ လူရိုးတွေ သွားတွေလည်း တွေ့တယ်။ သက်ဆိုင်ရာက လာပြီး ထိန်းသိမ်းပေးစေချင်တယ်”လို့ ပြောပါတယ်။ တမ္ပဝတီဆရာဦးဝင်းမောင်က “အခုပေါ်လာတဲ့မြို့က ပျူမြို့တမြို့ပါပဲ။ အမေကို မိဖုရားမြှောက်မိလို့ ရေအောက်ရောက်သွားတဲ့ မြို့တမြို့မို့ ပျူပင်လယ်မြို့ပေါ့။ ပျူမြို့တော်ကြီး အရပ်ရှစ်မျက်နှာမှာ ခံတပ်မြို့တွေ ရှိတယ်။ အဲဒီမြို့ထဲက တမြို့ပေါ့။ အဲဒါကြောင့် ပျူခေတ်က စမုံခံမြို့ပေါ့။ ပျူမြို့တော်ကြီးရဲ့ ၁၅ မိုင်၊ ၂၀ မိုင်အကွာမှာ တည်ထားတဲ့ မြို့တမြို့ပေါ့” လို့ ပြောပါတယ်။ တမ္ပဝတီ ဆရာဦးဝင်းမောင်ရဲ့ ပို့စ်မှာ စမုံခံမြို့ ဧရိယာ ၁၆ဒသမ၅ ဧကရှိပြီး မြို့ရိုး ၄ ဘက် ၃၃၀၀ ပေရှိတယ်။ ဝမ်းတွင်းမြို့နယ်ထဲမှာပဲ အင်ကန်းကြီးပျူမြို့နဲ့ စမုံပျူမြို့ ၂ ခု သိပ်မဝေးဘဲ တည်ရှိနေတယ်။ အင်ကန်းကြီးက မြေပေါ် ၇ ပေ မြင့်တက်နေပြီး စမုံကတော့ မြေအောက် ၆ ပေလောက် မြှုပ်နေတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024