A d v e r t i s e m e n t With Us

စစ်စခန်းတခုကို အစ္စရေးက ဒုံးကျည်ဖြင့် ပစ်ခတ်ဟု ဆီးရီးယားပြော

အစ္စရေးက ဆီးရီးယားမြို့တော် ဒမတ်စကပ်ရဲ့ နယ်ဘက်မှာ ရှိတဲ့ စစ်စခန်းတခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရပိုင် မီဒီယာက ဒီဇင်ဘာ ၄ ရက်က ပြောကြားသွားပါတယ်။ ဆီးရီးယားလေတပ်ဟာ ဒုံးကျည် ၃ စင်းကို ထောက်လှမ်းသိရှိခဲ့တယ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။ အစ္စရေးရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုဟာ ည ၁၁ နာရီခွဲမှာ ဖြစ်ပွားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ မြို့တော် ဒမတ်စကတ်ရဲ့ အနောက်ဘက် ဂျမာယားဧရိယာလောက်မှာ ပေါက်ကွဲသံ ၃ ခုကို ကြားရတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။ ဂျမာယားဧရိယာမှာ ဆီးရီးယား စစ်သုတေသနစခန်းတခု ရှိပြီး ၂၀၁၃ ခုနှစ်ကလည်း အဲဒီနေရာကို တိုက်ခိုက်ခံရဖူးရာမှာ အစ္စရေးက တိုက်ခိုက်ခဲ့တယ်လို့ ယူဆထားကြပါတယ်။   အစ္စရေးဟာ ဆီးရီးယားနိုင်ငံတွင်းမှာ ရှိတဲ့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို ယခင်က ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up