Home
မြန်မာသတင်း
ကော့​မှူး​ သက်ကြီး​ရွယ်အိုများ​ကို ​ဒေါ်​အောင်ဆန်း​စုကြည် ဂါရဝပြု
ပီတာအောင်
·
April 17, 2012
ကော့​မှူး​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ သူအနိုင်ရရှိတဲ့​ နယ်​မြေက သက်ကြီး​ရွယ်အို​တွေကို နှစ်ဆန်း​ ၁ ရက်​နေ့​မှာ သွား​ရောက် ဂါရဝပြုခဲ့​ပြီး​ ​ဒေသဖွံ့​ဖြိုး​ရေး​ ရန်ပုံ​ငွေ​တွေ ​ပေး​အပ်ခဲ့​ပါတယ်။ [caption id="attachment_24169" align="alignright" width="300" caption="​ကော့မှူးဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ရစဉ် (ဓာတ်ပုံ-​ရိုက်တာ​)"][/caption] ဒေသဖွံ့​ဖြိုး​ရေး​အတွက် ရန်ပုံ​ငွေ​ပေး​အပ်ဖို့​ ​ကော့​မှူး​မြို့​အတွင်း​ ​ကျေး​ရွာအုပ်စု ၆၀ ​ကျော်ထဲက ၃ ရွာကို မဲနှိုက် ​ရွေး​ချယ်ရာမှာ ပထမဆုကို ဝါး​ဘ​လောက် ​သောက်​ကျေး​ရွာ အုပ်စုက ကမာမတ်ရွာ၊​ ဒုတိယဆုကို ဆား​တိုင်မွတ်​ကျေး​ရွာနဲ့​တတိယဆုကို ပုပ္ပါး​ကျေး​ရွာအုပ်စုတို့​က ရရှိသွား​ပါတယ်။ ဒီဆု​ငွေ​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိခင် ​ဒေါ်ခင်ကြည် ​ဖောင်​ဒေး​ရှင်း​အ​နေနဲ့​ပေး​အပ်တာဖြစ်ပြီး​ ပထမဆု ကျပ်​ငွေ ၁၇၅ သိန်း​ ၊​ ဒုတိယဆု ၇၅ သိန်း​နဲ့​ တတိယဆု အတွက် သိန်း​ ၅၀ သတ်မှတ်ထား​တာပါ။ ဒီရန်ပုံ​ငွေ​တွေကို ဆုရတဲ့​ ​ကျေး​ရွာ​တွေက အသက်အကြီး​ဆုံး​ ပုဂ္ဂိုလ်​တွေကို ​ပေး​အပ်ခဲ့​ပြီး​ ​ကျေး​ရွာသား​ရဲ့​ ဆန္ဒအတိုင်း​ လိုအပ်တဲ့​နေရာမှာ သုံး​စွဲနိုင်တယ်လို့​ အန်အယ်လ်ဒီ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ခွန်သာမြင့်​က ​ပြောပါတယ်။ “တရွာလုံး​မှာရှိတဲ့​ လူ​တွေက အစည်း​အ​ဝေး​ ​ခေါ်မှာပါ။ သူတို့​ ဘာသုံး​ချင်လဲ။ တံတား​ဆောက်ချင်လား​၊​ ​ကျောင်း​ဆောက်ချင်လား​၊​ လမ်း​ဖောက်ချင်လား​၊​ ​ရေတွင်း​တူး​မလား​၊​ မီး​စက်​ထောင်ချင်လား​၊​ သူတို့​ဘာသာ ဆုံး​ဖြတ်ပါလိမ့်​မယ်။” ​ဒေါ်​အောင်ဆန်း​စုကြည်က​တော့​ တိုင်း​ပြည်​ကောင်း​ကျိုး​အတွက် ​ဆောင်ရွက်ရာမှာ ပထမဦး​ဆုံး​ ​ခြေလှမ်း​ကို ဒီ​နေရာက​နေ စတင်လိုက်ပြီလို့​ရွာသား​တွေကို ​ပြောကြား​ခဲ့​ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​ကျေး​ရွာ​ပေါင်း​ ၆၀ ​ကျော်က ရာနဲ့​ချီတဲ့​ သက်ကြီး​ရွယ်အို​တွေကို ဂါရဝပြုခဲ့​ပြီး​ အနုပညာရှင်​တွေဖြစ်တဲ့​ လူမင်း​၊​ ​ဝေဋ္ဌု​ကျော်၊​ မျိုး​ကျော့​မြိုင်၊​ သျှီ၊​ သံသာဝင်း​၊​ အနဂ္ဂ၊​ ​ဆောင်း​ဦး​လှိုင်၊​ လင်း​နစ်၊​ သား​ထွေး​၊​ ကိုရဲလွင် စသူတို့​ကလည်း​ ရွာသား​တွေကို သီဆို​ဖျော်​ဖြေမှုခဲ့​ကြပါတယ်။ ဂီတ​ဖျော်​ဖြေပွဲမှာပါဝင်တဲ့​ ​တေး​သံရှင် ​ဆောင်း​ဦး​လှိုင်က “နှစ်သစ်မှာ ဝမ်း​သာပါတယ်၊​ လုပ်ခဲ့​ရတဲ့​ အလုပ်ကလည်း​ မင်္ဂလာလည်း​ရှိတယ်။ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူ သွား​ပြီး​တော့​ လုပ်လိုက်ရတာက အင်မတန်မင်္ဂလာရှိတယ်။ လူတိုင်း​မရနိုင်ဘူး​၊​ ကျ​နော်တို့​က ရတဲ့​အတွက် ဝမ်း​သာတယ်။ အဖွား​အို​တွေလည်း​ ​ပျော်ရွှင်မြူး​တူး​ကခုန်ကြတယ်။ အား​လုံး​က စိတ်ဓာတ်တက်ကြွ လန်း​ဆန်း​ပြီး​ နှစ်သစ်ကို ကြိုဆိုတဲ့​အခါ ​ကော့​မှူး​မြို့​ကို အင်နဲ့​အား​နဲ့​ လူထုစိတ်ဓာတ်​တွေက​တော့​ အ​ကောင်း​ဆုံး​အ​နေအထား​မှာ ရှိတယ်ဆိုတာ ​တွေ့​ခဲ့​ရတယ်။” ​ကော့​မှူး​မြို့​နယ်ဟာ ပြီး​ခဲ့​တဲ့​ ဧပြီလ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်အဖြစ် ​ဒေါ်​အောင်ဆန်း​စုကြည် ​ရွေး​ကောက် တင်​မြှောက်ခံခဲ့​ရတဲ့​ နယ်​မြေဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024