A d v e r t i s e m e n t With Us

နိုင်ငံတော်ပုန်ကန်မှုဖြင့် ဖမ်းထားသည့် ကတ်တလန်အစိုးရ ၀န်ကြီး ၄ ဦးကို အာမခံဖြင့် ပြန်လွှတ်

Lawyers defending ousted Catalan president Carles Puigdemont arrive at the court in Brussels, Monday, Dec. 4, 2017. Separatist leader Carles Puigdemont and four of his closest Catalan allies face a Belgian judge pondering their potential extradition to Spain, where they face up to 30-years in jail. (AP Photo/Olivier Matthys)
နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကတ်တလန်အစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီး ၄ ဦးကို စပိန်တရားရုံးချုပ်က ဒီဇင်ဘာ ၄ ရက်နေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အစောပိုင်းကလည်း ကတ်တလန်အစိုးရအဖွဲ့ ဝန်ကြီး ၂ ဦးကို အမျိုးသမီးအကျဉ်းထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ကတ်တလန်အစိုးရအဖွဲ့ ဒု-ဥက္ကဋ္ဌနဲ့ ပြည်ထဲရေးဝန်ကြီး၊ ကတ်တလန် ခွဲထွက်ရေးအဖွဲ့အစည်း နှစ်ခုက ခေါင်းဆောင်တွေရဲ့ အာမခံလျှောက်ထားမှုကို စပိန်တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ အဆိုပါ ကတ်တလန်အစိုးရဝန်ကြီးဟောင်းတွေနဲ့ ခေါင်းဆောင် ၁၀ ဦးစလုံးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ စပိန်တရားရုံးချုပ်ကနေ အာမခံမပေးခဲ့တဲ့ ကတ်တလန် ခွဲထွက်ရေး လိုလားတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ANC အဖွဲ့ခေါင်းဆောင် ဂျိုရဒီ ဆန်းချက်ဟာ လာမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရောက်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up