Live
Home
မေးမြန်းခန်း
ဩစ​တြေး​လျက ပိတ်ဆို့​မှုအချို့​ ​လျှော့​ပေါ့​ပေး​လိုက်သည့်​အ​ပေါ် ​မေး​မြန်း​ချက်
ပီတာအောင်
·
April 16, 2012
မြန်မာနိုင်ငံနဲ့​ အစိုး​ရထိပ်ပိုင်း​ခေါင်း​ဆောင်​တွေကို ဆယ်စုနှစ်​တွေနဲ့​ချီ စီး​ပွား​ရေး​နဲ့​ ခရီး​သွား​လာခွင့်​ ပိတ်ဆို့​ဒဏ်ခတ်အ​ရေး​ယူထား​တဲ့​ ဩစ​တြေး​လျနိုင်ငံက ပိတ်ဆို့​မှု တချို့​ကို ​လျှော့​ပေါ့​ပေး​လိုက်ပြီလို့​ကြေညာလိုက်ပါတယ်။ ဩစ​တြေး​လျအစိုး​ရရဲ့​ ဒီဆုံး​ဖြတ်ချက်နဲ့​ပတ်သက်ပြီး​ ပိတ်ဆို့​ဒဏ်ခတ်မှု​တွေ ဖြစ်​ပေါ်လာ​အောင် ကြိုး​စား​ခဲ့​ကြရာမှာ ပါဝင်တဲ့​ Burma Campaign (Australia) မြန်မာ့​အ​ရေး​လှုပ်ရှား​မှုအဖွဲ့​ (ဩစ​တြေး​လျ)က ​ပြော​ရေး​ဆိုခွင့်​ရှိသူ ​ဒေါက်တာမြင့်​ချိုကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ ဩစ​တြေး​လျက မြန်မာအ​ပေါ်မှာ ပိတ်ဆို့​မှုတချို့​ပေါ့​။ ဘဏ္ဍာ​ရေး​နဲ့​ ခရီး​သွား​လာ​ရေး​တွေ အပါအဝင် ကုန်သွယ်​ရေး​တွေလည်း​ ပုံမှန် ပြန်လုပ်​တော့​မယ် ဆိုပြီး​ နိုင်ငံခြား​ရေး​ဌာနက ​ကြေညာလိုက်တာ​လေ။ အဲဒီ​တော့​ ပိတ်ဆို့​ ဒဏ်ခတ်မှု​တွေ ထား​ရှိဖို့​ ​တောင်း​ဆိုခဲ့​တဲ့​ မြန်မာ့​အ​ရေး​လှုပ်ရှား​မှုအဖွဲ့ (ဩစ​တြေး​လျ) အ​နေနဲ့​ ဘယ်လိုမျိုး​ သ​ဘောထား​ပါလဲခင်ဗျ။ [caption id="attachment_24160" align="alignright" width="300" caption="ဒေါက်တာမြင့်ချို"][/caption] “ဒီအ​ပြောင်း​အလဲ​တွေ အ​ပေါ်မှာ​တော့​ ဦး​သိန်း​စိန်နဲ့​ အ​ပြောင်း​အလဲ လိုချင်တဲ့​လူတချို့​ကို ခရီး​သွား​ခွင့်​ ပိတ်ပင်တာ ရုပ်သိမ်း​တာကို​တော့​ ကြိုဆိုပါတယ်။ ဒါ​ပေမယ့်​ အခု ဩစ​တြေး​လျ အစိုး​ရက​နေ ၂၆၂ ဦး​ကို ​စော​စောစီး​စီး​ ရုပ်သိမ်း​ပေး​လိုက်တဲ့​ ကိစ္စက​တော့​ များ​လည်း​များ​တယ်။ ​စောလည်း​စောလွန်း​တယ်။ ဒါ့​အပြင် ကျ​နော်တို့​ ဒီမိုက​ရေစီ အင်အား​စု​တွေ ​တောင်း​ဆိုထား​တဲ့​ အချက်နဲ့​လည်း​ မကိုက်ညီဘူး​လို့​ ယူဆတယ်။ ကျ​နော်တို့​စိုး​ရိမ်တယ်။ အဲဒီလိုသာ လုပ်လိုက်ရင် ​နောက်ထပ် အ​ပြောင်း​အလဲ​တွေ မလုပ်​ပေး​ဘဲ ရပ်သွား​မှာကို ကျ​နော်တို့​ စိုး​ရိမ်တယ်။” ကျန်တဲ့​ ၁၃၀ ထဲမှာ ဘယ်သူ​တွေပါတယ်လို့​ သိထား​လဲ။ “အတိအကျ​တော့​ မသိဘူး​။ စစ်ဘက်ဆိုင်ရာ အရာရှိ​တွေနဲ့​ တခြား​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တယ်လို့​ စွပ်စွဲခံထား​ရတဲ့​ ပုဂ္ဂိုလ်​တွေ ပါတယ် ဆိုတာကို​တော့​ သိရတယ်။ အ​သေး​စိတ်​တော့​ နာမည်​တွေ မထုတ်ပြန်​သေး​ဘူး​။” အခု မြန်မာနိုင်ငံမှာ ပိတ်ဆို့​ဒဏ်ခတ်မှု​တွေ အလုံး​စုံ ​လျှော့​ချ​ပေး​ဖို့​ လိုအပ်တဲ့​ အ​ခြေအ​နေက ဘာလို့​ ​ပြောလို့​ရမလဲခင်ဗျ။ ဘယ်လိုအ​ခြေအ​နေမှာမှ အား​လုံး​ ရုပ်သိမ်း​သင့်​တယ်လို့​ ထင်သလဲ။ “ပြုပြင်​ပြောင်း​လဲမှု လုပ်တဲ့​ကိစ္စ​တွေက​တော့​ သမ္မတဦး​သိန်း​စိန်နဲ့​ ဝန်ကြီး​တချို့​ရဲ့​ အပြုသ​ဘော​ဆောင်တဲ့​ အ​နေအထား​ကို ​တွေ့​တော့​ သူတို့​ကို ဩစ​တြေး​လျကို ခရီး​သွား​လာခွင့်​ ပိတ်ထား​တဲ့​ကိစ္စကို​တော့​ ရုပ်သိမ်း​သင့်​တယ်ဆိုတာ ကျ​နော်တို့​ သ​ဘောတူပါတယ်။ ဒါ​ပေမယ့်​ ကျန်တဲ့​သူ အများ​ကြီး​က စီး​ပွား​ရေး​နဲ့​ ပတ်သက်တာ​တွေ၊​ သူတို့​ အ​ပေါင်း​ပါ​တွေက​တော့​ ဒီအ​ပြောင်း​အလဲ​ပေါ်မှာ မပတ်သက်တဲ့​အတွက် သူတို့​ကို ပိတ်ဆို့​ဒဏ်ခတ်တဲ့​ ကိစ္စ​တွေက​တော့​ ဆက်ထား​သင့်​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​နောက်ထပ် မြန်မာနိုင်ငံမှာ အ​ပြောင်း​အလဲ​တွေဖြစ်ဖို့​ အများ​ကြီး​လို​နေ​သေး​တယ်။ ဥပမာအား​ဖြင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၈၀၀ ​ကျော်ကို မလွှတ်​ပေး​သေး​တာ၊​ တိုင်း​ရင်း​သား​ လူမျိုး​စု​ဒေသ​တွေမှာ စစ်ဆင်တိုက်ခိုက်​နေတာ၊​ ငြိမ်း​ချမ်း​ရေး​ မရ​သေး​တာကိုလည်း​ ​ထောက်ပြထား​တယ်။ အထူး​သဖြင့်​ ကချင်ပြည်နယ်မှာ အပြစ်မဲ့​ပြည်သူ ၇၅၀၀၀ ​လောက် အိုး​အိမ်မဲ့​ ​တောထဲမှာ ​နေ​နေကြရတဲ့​ ပြဿနာ​တွေကိုလည်း​ အ​ပြောင်း​အလဲ မလုပ်​ပေး​သေး​ဘူး​။ လက်ရှိဖြစ်ပျက်​နေတဲ့​ အ​ပြောင်း​အလဲ​တွေက ​နောက်​ကြောင်း​ ပြန်မသွား​ပါဘူး​လို့​ အာမခံတဲ့​ အ​နေအထား​လည်း​ မရှိဘူး​။ အဲဒီအချက်​တွေက တကယ်လို့​သာ အာမခံပြီး​ တကယ် ​ပြောင်း​လဲမယ်ဆိုရင်​တော့​ ကျန်တဲ့​သူ​တွေရဲ့​ ခရီး​သွား​လာခွင့်​တို့​၊​ သူတို့​ရဲ့​ ဘဏ္ဍာ​ရေး​ပိတ်ဆို့​ ဒဏ်ခတ်တဲ့​ ကိစ္စ​တွေကို ရုပ်သိမ်း​ဖို့​ သ​ဘောတူပါတယ်။ ဒီအ​ခြေအ​နေ​တွေကို သတ်မှတ်ချက် ထား​ပြီး​တော့​ ဦး​သိန်း​စိန် အစိုး​ရက တကယ် လုပ်လာမှသာ ​သေ​သေချာချာ ​တွေ့​လာမှသာလျှင် ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ရုပ်သိမ်း​သင့်​တယ်လို့​ ကျ​နော်တို့​က​တော့​ ယုံကြည်ပါတယ်။” နောက်တခုက ပုံမှန်ကုန်သွယ်​ရေး​တွေ ပြန်လုပ်သွား​မယ်။ ရင်း​နှီး​မြှုပ်နှံမှု​တွေ တား​ဆီး​ထား​တာကို ရုပ်သိမ်း​တော့​မယ်ဆိုတဲ့​ အ​ပေါ်မှာ​ကော မြန်မာနိုင်ငံ စီး​ပွား​ရေး​ ပြန်လည် ဖွံ့​ဖြိုး​တိုး​တက်ဖို့​က ဒီ ပိတ်ဆို့​ဒဏ်ခတ်မှု​တွေက အဟန့်​အတား​သဖွယ် ဖြစ်​နေတယ်။ လူမှု​ရေး​၊​ စီး​ပွား​ရေး​ အ​ပြောင်း​အလဲ​တွေ ပိုဖြစ်ဖို့​အတွက် ကုန်သွယ်မှုကို လုပ်သင့်​တဲ့​အချိန် ​ရောက်ပြီလို့​ မထင်ဘူး​လား​။ “အထူး​သဖြင့်​ စီး​ပွား​ရေး​နဲ့​ ပတ်သက်တဲ့​ ကိစ္စ​တွေမှာ မြန်မာနိုင်ငံမှာ ​ဈေး​ကွက်စီး​ပွား​ရေး​ စနစ် ရှိတယ်လို့​ ​ပြော​ပေမယ့်​ တကယ် စစ်အစိုး​ရနဲ့​ တုန်း​ကလည်း​ပဲ သူတို့​နဲ့​ပတ်သက်သူ​တွေပဲ ခံစား​ရတယ်။ လက်ရှိအစိုး​ရနဲ့​လည်း​ သူတို့​နဲ့​ ပတ်သက်တဲ့​ ပုဂ္ဂိုလ်​တွေပဲ စီး​ပွား​ရေး​ အကျိုး​အမြတ်​တွေကို ခံစား​နေရ​တော့​ ကုန်သွယ်မှုပိတ်ဆို့​တာ ရင်း​နှီး​မြှုပ်နှံမှုပိတ်ဆို့​တာ​တွေက ပြည်သူကို မထိခိုက်ဘူး​လို့​ ယူဆတယ်။ ဒါ​ကြောင့်​မို့​ ဩစ​တြေး​လျ အစိုး​ရကို ဒီကိစ္စ​တွေကို လုပ်​ပေး​ဖို့​ ​တောင်း​ဆိုတယ်။ ဒါ​ပေမယ့်​ ဩစ​တြေး​လျ အစိုး​ရက ပိတ်ဆို့​ဒဏ်ခတ်မှု​တွေအရ ကုန်သွယ်မှုနဲ့​ ရင်း​နှီး​မြှုပ်နှံမှုလည်း​ မပိတ်ပင်ဘူး​။ ဒါ​ပေမယ့်​ အသိအမှတ်ပြုတာလည်း​ မြင်ပါတယ်။ ဒီစီး​ပွား​ရေး​နဲ့​ ပတ်သက်တဲ့​ ကိစ္စ​တွေက မြန်မာပြည်သူ​တွေက တိုက်ရိုက် မခံစား​ရတာ​ကြောင့်​ ဒါ​တွေကို မြှင့်​တင်တာလည်း​ မြန်မာပြည်သူ​တွေအတွက် အကျိုး​မရှိဘဲနဲ့​ အခု အုပ်ချုပ်​နေတဲ့​ လူတန်း​စား​နဲ့​ အ​ပေါင်း​အပါ တစုကိုပဲ အကျိုး​ရှိတယ်လို့​ ထင်တယ်။” နောက်​ကြောင်း​ပြန်ကြည့်​မယ်ဆိုရင် ဩစ​တြေး​လျ နိုင်ငံက မြန်မာနိုင်ငံကို လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုမှာ ဘယ်အ​ကြောင်း​ကြောင့်​ အဓိက ပိတ်ဆို့​ ဒဏ်ခတ်ခဲ့​တာလဲ၊​ အခုချိန်မှာ ဩစ​တြေး​လျ အစိုး​ရက ပိတ်ဆို့​မှု​တွေကို အဓိက ဘာ​ကြောင့်​ ပယ်ဖျက်ဖို့​ ဖြစ်လာတယ် ဆိုတာ သုံး​သပ်​ပေး​ပါလား​။ “ဩစ​တြေး​လျ အစိုး​ရက မြန်မာနိုင်ငံကို ဘာ​ကြောင့်​ ပိတ်ဆို့​ဒဏ်ခတ်လည်း​ ဆိုတဲ့​ ကိစ္စက​တော့​ တစ်အချက်က မြန်မာနိုင်ငံမှာ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တာ​တွေ၊​ ဒီမိုက​ရေစီနဲ့​ ပတ်သက်ပြီး​ ဖိနှိပ်ထား​တာ​တွေ၊​ ဒါ့​အပြင် ဩစ​တြေး​လျမှာ ရှိတဲ့​ မျိုး​ချစ်မြန်မာ​တွေက မြန်မာနိုင်ငံနဲ့​ ပတ်သက်ပြီး​ ဖိအား​ပေး​ဖို့​ ကိစ္စ​တွေကို ​တောင်း​ဆိုတာ​ကြောင့်​လို့​ ယုံကြည်ပါတယ်။ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေက ၁၉၈၈ မှာ စဖြစ်တဲ့​အခါကျ​တော့​ ဩစ​တြေး​လျက လက်နက်ပိတ်ပင်တဲ့​ ကိစ္စကို စတင်ခဲ့​တယ်။ ၂၀၀၃ ဒီပဲယင်း​အ​ရေး​အခင်း​ ဖြစ်ပြီး​ ​နောက်ပိုင်း​မှာ စစ်အစိုး​ရနဲ့​ အ​ပေါင်း​အပါ​တွေကို ခရီး​သွား​လာခွင့်​ ပိတ်ပင်တဲ့​ ကိစ္စ​တွေကို ချမှတ်တယ်။ ၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင် လှုပ်ရှား​မှုမှာ ရက်ရက်စက်စက် ဖြိုခွင်း​တဲ့​ အခါကျ​တော့​ စစ်အစိုး​ရ ​ခေါင်း​ဆောင်​တွေနဲ့​ သူတို့​ရဲ့​ အ​ပေါင်း​အပါ မိသား​စုအား​လုံး​ ၄၆၃ ​ယောက်ကို ဒဏ်ခတ်တယ်။ အဲဒီ့​ အ​ခြေအ​နေက​နေ ဦး​သိန်း​စိန် အစိုး​ရတက်လာပြီး​ အ​ပြောင်း​အလဲ​တွေ လုပ်လာတဲ့​အခါကျ​တော့​ တချို့​ဥပ​ဒေ​တွေကို ပြန်ပြီး​တော့​ ​လျှော့​ပေါ့​ပေး​တာ​တွေ၊​ သတင်း​လွတ်လပ်ခွင့်​တွေကို ပို​ပေး​လာတာ​တွေ၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို လွှတ်​ပေး​လာတာ​တွေ၊​ မြန်မာနိုင်ငံ ထဲမှာလည်း​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေကို မြို့​တွေထဲမှာ​တော့​ တချို့​ချိုး​ဖောက်မှု​တွေကို ရပ်လိုက်​ပေမယ့်​ နယ်စပ်​တွေမှာ​တော့​ ဆက်ရှိ​နေ​သေး​တယ်။ ဒါ​ပေမယ့်​ ဩစ​တြေး​လျ အစိုး​ရက ​တော်​တော်များ​များ​ လူ့​အခွင့်​အ​ရေး​တွေ တိုး​တက်လာတယ်လို့​ ယူဆပြီး​တော့​ အခုလို ပြစ်ဒဏ် ပိတ်ဆို့​ ဒဏ်ခတ်ထား​တာ​တွေကို ​လျှော့​ပေါ့​တယ်လို့​ မြင်ပါတယ်။ သို့​သော် ဒီကိစ္စ​တွေကို အနီး​ကပ် ​စောင့်​ကြည့်​နေတုန်း​ပဲ။ တိုင်း​ရင်း​သား​ဒေသ​တွေမှာ တိုက်ခိုက်မှု​တွေ ရှိ​နေ​သေး​တယ်။ ငြိမ်း​ချမ်း​ရေး​မရ​သေး​ဘူး​။ လွတ်လပ်စွာ စု​ဝေး​ခွင့်​ဆိုတဲ့​ ဒီမိုက​ရေစီ အခွင့်​အ​ရေး​တွေလည်း​ အပြည့်​အဝ မရ​သေး​ဘူး​။ စသည်ဖြင့်​ ဒီလို အချက်အလက်​တွေ ရှိ​နေ​သေး​တဲ့​အ​ပေါ်မှာ​တော့​ ဖိအား​ကို​တော့​ မ​လျော့​ဘူး​။ ပိတ်ဆို့​ဒဏ်ခတ်မှု တချို့​ကိုသာ ​လျှော့​ပေး​တာ ဖြစ်တယ်။ တချို့​တွေကို ဆက်ပြီး​ ထိန်း​သိမ်း​ထား​မယ်လို့​ အဲဒီလို သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။” ဒေါက်တာမြင့်​ချိုတို့​လို မြန်မာ့​အ​ရေး​ ​ဆောင်ရွက်​နေသူ​တွေအ​နေနဲ့​ အခုလို ဩစ​တြေး​လျ အစိုး​ရက ပိတ်ဆို့​ဒဏ်ခတ်တာ ​လျှော့​ပေး​လိုက်ပြီဆို​တော့​ ​ရှေ့​ဆက်ပြီး​ ဘာ​တွေဆက်လုပ်မယ်လို့​ အစီအစဉ်ရှိလဲ။ “ဩစ​တြေး​လျ အစိုး​ရကို တိုက်ရိုက်ဆက်သွယ်ပြီး​ ကျ​နော်တို့​ စိုး​ရိမ်ပူပန်မှု​တွေကို တင်ပြပါတယ်။ အဲဒါ ဘာလဲဆို​တော့​ အခုလို မြန်မြန်ဆန်ဆန် အချိန်မတန်ဘဲ ​လျှော့​ပေး​လိုက်တာဖြင့်​ ​ရှေ့​ကို ​တောင်း​ဆိုထား​တဲ့​ အ​ပြောင်း​အလဲ​တွေ အများ​ကြီး​ဖြစ်ဖို့​ ကိစ္စ​တွေမှာ သွား​ပြီး​နှောင့်​နှေး​သွား​မလား​၊​ အဟန့်​အတား​တောင် ဖြစ်သွား​မလား​ဆိုတဲ့​ ကိစ္စကို ဩစ​တြေး​လျ အစိုး​ရကို ကျ​နော်တို့​ရဲ့​ သ​ဘောထား​တွေကို တင်ပြထား​ပါတယ်။ “နှစ်အချက်က ဩစ​တြေး​လျ အစိုး​ရကို ​တောင်း​ဆိုထား​တာက ကျန်​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​တဲ့​အထိ၊​ တိုင်း​ရင်း​သား​လူမျိုး​စု​တွေကို ပစ်ခတ် သတ်ဖြတ်​နေတဲ့​ ကိစ္စ​တွေကို ရပ်ဆိုင်း​သွား​တဲ့​အထိ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်​တွေ ​တွေ့​ဆုံပြီး​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ပြုပြင်ဖို့​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​တဲ့​ အ​ခြေအ​နေ ​ရောက်တဲ့​အထိ ကျန်​နေ​သေး​တဲ့​ ပိတ်ဆို့​ဒဏ်ခတ်မှု​တွေကို ဆက်ပြီး​ထိန်း​ထား​ပါ။ အ​ပြောင်း​အလဲ​တွေ တခုချင်း​ ​ပြောင်း​လဲလာတဲ့​ အ​ပေါ်မှာ တထစ်ချင်း​လျှော့​ပါလို့​ ဩစ​တြေး​လျ အစိုး​ရကို ဆက်​တောင်း​ဆို​နေတယ်။ ဆက်ပြီး​တော့​လည်း​ လူထုအား​နဲ့​ ​တောင်း​ဆိုသွား​ဖို့​ အစီအစဉ်ရှိပါတယ်။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024