Home
မြန်မာသတင်း
ပုသိမ်မြို့ နေအိမ်တအိမ် ခေါင်မိုးပေါ် လေယာဉ်အပိုင်းအစတခုပြုတ်ကျ
DVB
·
December 5, 2017
24796333_172790449983559_3976493211125163054_n
24312559_172790433316894_8713643467266941896_n
  ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ငါးအောက်ချောင်းတံတားနားက နေအိမ်တစ်ခုပေါ်ကို ဒီဇင်ဘာ ၃ ရက် ည ၇ နာရီလောက်က လေယာဉ်အစိတ်အပိုင်းလို့ ယူဆရတဲ့ အဖြူရောင် အရာဝတ္တုတခုပြုတ်ကျခဲ့ပါတယ်။ ငါးအောက်ချောင်း ၄ လမ်းက အိမ်ရှင်ဦးသက်ဦးနဲ့ ဇနီးတို့ အိမ်ထဲရှိနေချိန်မှာ အိမ် အမိုးပေါ်က ကြီးမားတဲ့အသံကြားပြီး ထွက်ကြည့်ချိန်မှာတော့ အိမ်အမိုးမှာစိုက်နေတဲ့ အလေးချိန် ၅၅ ကျပ်သားရှိပြီး အမြင့် ၁၉ လက်မရှိတဲ့ အဖြူရောင်အရာဝတ္တုတခုပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအေးမြင့်က ပြောပါတယ်။ 24796333_172790449983559_3976493211125163054_nပုသိမ်မြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမြင့်က“ပုသိမ်လေတပ်က လာကြည့်ပြီး တပ်မတော်လေ့ကျင့်ရေးလေယာဉ်ကလည်း မဟုတ်ဘူး ခရီးသည်တင်လေယာဉ် အပိုင်းအစတခုလို့ ယူဆပါတယ်လို့ ပြောသွားတယ်။ လေယာဉ် တောင်ပံပေါ်က ငါးမန်းတောင်လိုဟာမျိုးလေးပါ။ ဟိုအမြင့်ကြီးက ကျလာတော့ အိမ်အမိုးပါ ပေါက်သွားတယ်”လို့ ပြောပါတယ်။ အိမ်ပေါ်ပြုတ်ကျလာတဲ့ လေယာဉ်အစိတ်အပိုင်းကို ပုသိမ်လေတပ်ဌာနချုပ်က တာဝန်ရှိသူတွေ လာရောက်သိမ်းဆည်းခဲ့ပြီး ပုသိမ်လေတပ် စစ်ဌာနချုပ်မှ လေယာဉ်အစိတ်အပိုင်း မဟုတ်ကြောင်း ပုဂ္ဂလိက လေကြောင်းလိုင်းက လေယာဉ် အစိတ်အပိုင်းတခုဖြစ်နိုင်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးပြီး သတင်းထုတ်ပြန်ပေး သွားမယ်လို့ ပုသိမ်လေတပ်စခန်းဌာနချုပ်က တာဝန်ရှိသူတဦးကပြောပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024