A d v e r t i s e m e n t With Us

မြန်မာ၊ ပြင်သစ်နှင့် ဂျပန်ကစားသမားများ ပါဝင်ထိုးသတ်မည့် လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

မြန်မာ၊ ပြင်သစ်နဲ့ ဂျပန်နိုင်ငံက ကစားသမားတွေ ပါဝင်ထိုးသတ်မယ့် Air KBZ ရွှေအောင်လံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို လာမယ့်ဒီဇင်ဘာ ၁၀ ရက်မှာ ကျင်းပသွားမှာပါ။ ဒီပွဲမှာ တွဲဆိုင်း ၇ ပွဲ ပါဝင်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် မြန်မာ့လက်ဝှေ့ရွှေခါးပတ်ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒက်(ခေါ်)ဒေဝနဲ့ ပြင်သစ်နိုင်ငံသား ကော်တန်ယာလွန်တို့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။ ဒေ့ဗ်လက်ဒက်ဗ်ဟာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူထားတာဖြစ်ပြီး ဒီပွဲမှာ မြန်မာ့လက်ဝှေ့ကိုယ်စားပြု ကစားသမားအဖြစ် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းစိန်ခေါ်ပွဲအဖြစ် စောဂေါ်မူတိုနဲ့ ဖျံသွေးတို့ရဲ့ တွဲဆိုင်းလည်း ပါဝင်ပါတယ်။ နိုင်ငံတကာ တွဲဆိုင်းတွေမှာတော့ မြန်မာဘက်က စောမင်းအောင်နဲ့ ဂျပန်က တိုခဲရှီ၊ ထက်အောင်ဦးနဲ့ ဂျပန်က ဒိုင်ခိခနဲကို၊ အောင်ပိုင်နဲ့ ပြင်သစ်က အိဇ်စ်ဗက်စ်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။ တခြားပြည်တွင်းတွဲဆိုင်းအနေနဲ့ သားအသဲတစ်ပွင့်နဲ့ လမ်းမယူ၊ အမျိုးသမီးတွဲဆိုင်းအဖြစ် ရွှေကိုလေးနဲ့ လင်းယုန်မေတို့ တွဲဆိုင်းတွေလည်း ပါဝင်ထိုးသတ်ကြမှာပါ။ လက်မှတ် ဈေးနူန်းတွေအဖြစ် ကျပ်တသောင်း၊ နှစ်သောင်းနဲ့ သုံးသောင်းကျပ် အသီးသီး သတ်မှတ်ထားပြီး ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီကစပြီး သိမ်ဖြူလက်ဝှေ့ရုံမှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up