Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၀ ခွင့်ပြုပေး
DVB
·
December 5, 2017
24301249_1693816600684407_3968093430541095367_n
  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ ၂၀၁၇ သြဂုတ်မှ ဒီဇင်ဘာ ၄ရက်အထိ ၄လကျော်ကာလအတွင်းမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၀ကို အတည်ပြုခွင့်ပြုပေးခဲ့တယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ စက်မှုနဲ့ အခြားဝန်ဆောင်မှု ကဏ္ဍတွေမှာ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတို့က စုစုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇ခုနဲ့ မြန်မာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃ ခုတို့ကို အတည်ပြုမိန့်တွေထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။ ဒီလုပ်ငန်းတွေရဲ့ မတည်ငွေရင်းပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ၂၂.၇၂၄သန်းနဲ့ မြန်မာကျပ်ငွေ ၈၇၁၉.၂၂သန်းရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၆၁၉၆ဦးအတွက် ဖန်တီးပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှာလည်း မတည်ငွေရင်းပမာဏ ကျပ်ငွေ ၁၂၉၅.၈၉ သန်းရှိပြီး ၂၂၄ ဦးအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မယ့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အတည်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။ ရန်ကုန်မှာ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ မတည်ငွေရင်း ပမာဏအမေရိကန် ဒေါ်လာ ၅ သန်း(သို့) ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-ရန်ကုန်တိုင်းအစိုးရ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024