DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးခဲ့သူများကို ရုံးထုတ်၊ တရားလိုပြသက်သေများကို စစ်ဆေး
DVB
·
December 4, 2017
လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးခဲ့သူများကို ရုံးထုတ်၊ တရားလိုပြသက်သေများကို စစ်ဆေး
Donate to DVB

 

နေပြည်တော်၊ လွှတ်တော်ကို ဒရုန်းလွှတ်တင်ရိုက်ကူးဖို့ ပြုလုပ်ခဲ့တဲ့ နိုင်ငံခြား သတင်းထောက်တွေ အပါဝင် ၄ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

သူတို့ ၄ ဦးကို ဒရုန်းလွှတ်တင်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က လေကြောင်း အက်ဥပဒေ ပုဒ်မ ၁၀ နဲ့ ထောင်ဒဏ် ၂ လစီချမှတ်ခံခဲ့ရတာဖြစ်ပြီး သွင်းကုန်ပို့ကုန် ပုဒ်မ ၈၊ ပုဒ်မ ၁၀ တို့နဲ့ တရားစွဲဆိုခံထားရဆဲ ဖြစ်ပါတယ်။

“ဒရုန်းကို ဥပဒေမဲ့သွင်းတယ်ဆိုတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့စွဲတဲ့အမှုကို ဆက်ပြီး စစ်တယ်။ အဲ့အမှုဟာ ကြားဖြတ်ကိစ္စတခုနဲ့ ရပ်ထားတဲ့ အမှု၊ ရဲအုပ်ထွန်းထွန်းဝင်း တရားလိုကို စစ်ဆေးနေတုန်းမှာ အရင်အမှု ၁ မှုနဲ့ ဒရုန်းလွှတ်တင်တဲ့အမှုနဲ့ အပြစ်ပေးထားတယ် ဆိုတဲ့အတွက် ဒီအမှုကြီးကို ပိတ်သိမ်းဖြစ်လိုက်ဖို့ကို လျှောက်တင်တဲ့ကိစ္စက ကြားထဲက ဖြတ်ခံသွားရတယ်။ အဲလျှောက်လွှာကိုရုံးက ပယ်လိုက်တဲ့အတွက် ဒီကနေ့ ရဲအုပ်ထွန်းထွန်းဝင်း ကို ဆက်ပြီးစစ်တာပါ”လို့ ရှေ့နေ ဦးခင်မောင်ဇော် ကပြောပါတယ်။

ဒီကနေ့ စစ်ဆေးမှုမှာတော့ တရားလိုပြသက် ၃ ဦးကို ရှေ့နေတွေက အပြန်အလှန် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေကို ရုံးချိန်း ပြန်လည်ချိန်းဆို ခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013