A d v e r t i s e m e n t With Us

မန်ယူအသင်းက ဂါရက်ဘေးလ်ကို ခေါ်ယူရေး မကြာမီ အဆုံးသတ်ဖွယ်ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ တောင်ပံကစားသမား ဂါရက်ဘေးလ်ကို ခေါ်ယူမယ့် အစီအစဉ်ကို မကြာမီမှာ အဆုံးသတ်သွားဖွယ် ရှိနေပါတယ်။ နည်းပြမော်ရင်ဟိုဟာ ဂါရက်ဘေးလ်ကို ခေါ်ယူဖို့ ကာလရှည်ကြာ စိတ်ဝင်စားခဲ့တာ ဖြစ်ပြီးတော့ ပြောင်းရွှေ့ကြေးဟာ များနေခဲ့တဲ့အတွက် ညှိနှိုင်းနေရဆဲ ဖြစ်နေတာပါ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဘက်ကလည်း ဘေးလ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေရသလို အသက်အရွယ်ကြောင့်လည်း ပေါင် သန်း ၅၀ ကနေ ၆၀ ထိသာ အများဆုံး ပေးချေလိုနေပါတယ်။ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ရရှိထားတဲ့ ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး မော်ရင်ဟိုနဲ့လည်း အကောင်းဆုံး ဆက်ဆံရေး ရှိခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည်ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up