A d v e r t i s e m e n t With Us

ဒီဂီယာ၏လက်စွမ်းကို အာစင်ဝင်းဂါး ချီးကျူး

ဂိုးသမားဒီဂီယာရဲ့ လက်စွမ်းကို မချီးကျူးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ အာဆင်ဝင်းဂါးက ပြောလိုက်ပါတယ်။ အာဆင်နယ်နဲ့မန်ယူ ပရီးမီးယားလိဂ်ပွဲစဉ်မှာ  ဒီဂီယာရဲ့လက်စွမ်းပြမှုတွေကြောင့် ဂိုးရရှိဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ တပွဲလုံး ဂိုးကန်သွင်းမှု ၃၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၅ ကြိမ်ထိ ရှိခဲ့ပါတယ်။ အာဆင်ဝင်းဂါးက ဒီပွဲရဲ့အကောင်းဆုံးကစားသမားဟာ ဒီဂီယာဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒီဂီယာကတော့ သူ့အနေနဲ့ ယုံကြည်ချက်ရှိရှိ ကစားခဲ့တာဖြစ်ပြီးတော့ ပွဲကောင်းတပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမ်းမရိတ်စ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up