Live
Home
ရုပျသံ
ကိုင်ဇာရဲ့ လိမ္မော်ရောင်ကောလိပ်အလွမ်း (ရုပ်သံ)
DVB
·
December 4, 2017
RC2 လို့ လူသိများတဲ့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) အမှတ် (၂)ဒေသကောလိပ်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ထားခဲ့ရာက မျိုးဆက်သစ် ကျောင်းသားတွေ တက်ရောက်ပညာသင်ကြားနိုင်ဖို့   ၂၀၁၇ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ လိမ္မော်ရောင်ကောလိပ်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)နဲ့ ပတ်သက်ပြီး အောက်မေ့အမှတ်ရစရာ အတိတ်ကပုံရိပ်တွေနဲ့ ပတ်သက်ပြီး  တက္ကသိုလ် သီချင်းတွေကို ခံစားရေးဖွဲ့ သီဆိုလေ့ရှိတဲ့ အဆိုတော် ကိုင်ဇာကို ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။ “ကျနော်တို့ ဒီကျောင်းကြီးကို တက်ခဲ့ရတယ်။ ပျော်ခဲ့ရတယ်။ ဒီကျောင်းကြီးနဲ့ပတ်သက်လို့ မမေ့မပျောက်နိုင်တဲ့ သံယောဇဉ်တွေ၊ အတိတ်တွေရှိကြတယ်။ ကျောင်းကြီးကိုချစ်တယ်။ ဒီကျောင်းကြီးပိတ်သွားတဲ့အပေါ် ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ တကယ်ပဲ နင့်နင့်နဲနဲ ခံစားရပါတယ်”   

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024