Home
မြန်မာသတင်း
ငါးပုစွန်ရှားပါးလာမှုကြောင့် မြိတ်ဖောင်လုပ်ငန်းများ အဆင်မပြေဖြစ်နေ
DVB
·
December 3, 2017
24131440_1176489189161865_5032843975815807157_n
  နာမည်ကြီး မြိတ်ငါးပိထုတ်လုပ်ရာမှာ ကုန်ကြမ်းရရှိဖို့ အဓိကလုပ်ငန်းဖြစ်တဲ့ ဖောင်လုပ်ငန်းတွေ ငါးပုစွန်ရှားပါးမှုကြောင့် အဆင်မပြေ ဖြစ်နေတယ်လို့ တံငါသည်တွေက ပြောပါတယ်။ ရာသီပေါ်လုပ်ကိုင်ရတဲ့ ဖောင်လုပ်ငန်းတွေမှာ ပင်လယ်ပြင်အတွင်း ငါးပုစွန်ရှားပါးလာမှု၊ ငါးပိလုပ်ရာမှာ အသုံးပြုရတဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ဂွေးကောင်ရရှိမှု နည်းပါးလာတာကြောင့် ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။ “ဖောင်လုပ်ငန်းတွေက ရာသီပေါ်ချိန်ဆိုရင် သီတင်းကျွတ်-တန်ဆောင်မုန်းမှာ စတယ်။ ၃ လ လုပ်ငန်း လုပ်ချိန်ရှိတယ်။ ဖောင်လုပ်ငန်းက ဂွေး၊ ပုစွန် တွေရတာပါ။ ဒါပေမယ့်ဒီနှစ်မှာတော့ အတော်လေးကို ဆုတ်ယုတ်ကျဆင်းနေတယ်။ အရင်ကျနော်တို့ငယ်ငယ်တုန်းက ဖောင်တွေ အလုပ်လုပ်ရတာ ကောင်းပါတယ်။ အခုချိန်မှာတော့ ကျနော်တို့ အဆင်မပြေတော့ဘူး။ သတ္တုတူးဖော်တာတွေ၊ ဒီရေတောတွေ ပြုန်းတီးလာတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကို သက်ဆိုင်ရာကနေ ဒေသခံတွေအတွက် ကြည့်ရှုပေးစေချင်ပါတယ်”လို့ ပဲ့တိုင်ရွာမှ ဖောင်လုပ်ငန်းလုပ်ကိုင်သူ ဦးသိန်းဝင်းက ပြောကြားခဲ့ပါတယ်။ ပဲ့တိုင်ကျေးရွာအနီးရှိ ပဲ့တိုင်မြစ်အတွင်း သတ္တုတူးဖော်ခြင်းလုပ်ငန်းတွေမှ ကျဆင်းလာတဲ့ မြေစာအနည်တွေ၊ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းနေတာကြောင့် မြစ်ကြောင်းမှာ ကျဉ်းမြောင်းလာပြီး ငါးပုစွန်၊ ဂွေးတွေ ကျက်စားတဲ့ နေရာတွေမှာ နည်းပါးလာတယ်လို့ သိရပါတယ်။ မြိတ်ကျွန်းစုအတွင်းရှိ ဒီရေတောတွေနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေမှာ ငါးပိထုတ်လုပ်တာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရပေမယ့်လည်း အခုခါဂွေးကောင်တွေ ရှားပါလာနေတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်ကြောင်း သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024