Home
မြန်မာသတင်း
အိမ်တွင်းအကြမ်းဖက်မှုရပ်​တန့်​ရေး ​၁၆ ရက်​ကြာ လှုပ်​ရှားမှု ပြုလုပ်
DVB
·
December 3, 2017
24176793_1970282296629331_7885479043687839073_n
24174726_1970282493295978_8170609708308042154_n
  အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုရပ်တန့်ဖို့အတွက် ၁၆ ရက်ကြာလှုပ်ရှားမှုကို ရွှေပြည်သာမြို့နယ် ၁၆ ရပ်ကွက် မြို့ပတ်လမ်းမှာရှိတဲ့ ဓမ္မသာလာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ “အမျိုးသမီးတွေသာမကဘဲ အမျိုးသားတွေမှာပါ အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိလာတဲ့ အတွက် ဒီလိုအကြမ်းဖက်မှုတွေ လျော့နည်းလာဖို့ အမျိုးသားတွေပါ ပါဝင်သင့်တယ်” လို့ NGO Gender group ရဲ့စီမံကိန်းတာဝန်ခံ ဒေါ်နော်ခင်ဖြူမြင့်က ပြောပါတယ်။ အိမ်တွင်းမှာ အကြမ်းဖက်မှုတွေ လျော့နည်းလာဖို့အတွက် အခုလိုဟောပြောပွဲတွေ ပြုလုပ်တာဖြစ်ပြီး ‘အိမ်တွင်းငြိမ်းချမ်းမှုမှသည် ငြိမ်းချမ်းသောကမ္ဘာသစ်ဆီသို့  အမျိုးသမီးများ အကြမ်းဖက်မှုရပ်တန့်ဖို့ အမျိုးသားများလည်းပါဝင်စို့’ ဆိုတဲ့ဆောင်ပုဒ်နဲ့ ဆွေးနွေးဟောပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024