မသန်စွမ်းသူများအခွင့်အရေးဥပဒေ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

  မသန်စွမ်းသူများ အခွင့်အရေးဥပဒေကို ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ နေပြည်တော် MICC 2 ခန်းမမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ဥပဒေကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်သွားမယ့် အစီစဉ်အပေါ် မသန်စွမ်းသူများအနေနဲ့ ကြိုဆိုတယ်လို့ မသန်စွမ်းသူများ အသင်းချုပ်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up