A d v e r t i s e m e n t With Us

မြန်မာနှစ်သစ်ကူး​ နှုတ်ခွန်း​ဆက်စကား​နှင့်​ ဆု​တောင်း​များ​ (​မေး​မြန်း​ခန်း​)

မြန်မာနှစ်သစ်ကူး​တဲ့​ အထူး​အစီအစဉ်အဖြစ် ဘာသာ​ရေး​၊​ နိုင်ငံ​ရေး​နဲ့​ စာ​ပေနယ်က ထင်ရှား​သူ​တွေရဲ့​ မြန်မာပြည်သူ​တွေအတွက် နှစ်သစ်ကူး​ နှုတ်ခွန်း​ဆက်စကား​နဲ့​ ဆု​တောင်း​တွေကို တင်ဆက်​ပေး​သွား​မှာပါ။ ရွှေညဝါဆရာ​တော် [caption id="attachment_24119" align="alignright" width="300" caption="ရွှေညဝါဆရာတော်"][/caption] “ရာသီ​တွေကူး​ပြောင်း​တဲ့​ နှစ်သစ်ကူး​ကာလမှာ မြန်မာနိုင်ငံသူ နိုင်ငံသား​အား​လုံး​လည်း​ပဲ စိတ်သစ်ကိုယ်သစ်၊​ အပြုသ​ဘော​ဆောင်တဲ့​ ​စေတနာအသစ်​တွေနဲ့​ တိုင်း​ပြည်ကြီး​ကို မင်္ဂလာရှိစွာနဲ့​ အမြန်ဆုံး​ ဖွံ့​ဖြိုး​တိုး​တက်​အောင် အမျိုး​သား​ပြန်လည်သင့်​မြတ်မှု​တွေလည်း​ အမြန်ဆုံး​တိုး​တက်လာ​အောင် ဒကာမကြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူတကွ လွှတ်​တော်မှာရှိ​နေတဲ့​ လူကြီမင်း​တွေအား​လုံး​ လက်တွဲညီညွတ်စွာနဲ့​ ​ဆောင်ရွက်နိုင်ကြပါ​စေလို့​ ဘုန်း​ကြီး​တို့​ နှစ်သစ်ကူး​ဆု​တောင်း​အ​နေနဲ့​ ဆန္ဒပြုပါတယ်။” ဝါရင့်​နိုင်ငံ​ရေး​သမား​ကြီး​ သခင်ချန်ထွန်း [caption id="attachment_24120" align="alignleft" width="300" caption="ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း​"][/caption] ၁၃၇၃ ခုနှစ်က​နေပြီး​ ၁၃၇၄ ခုနှစ်ကို ​ပြောင်း​တဲ့​ နှစ်ဆန်း​တရက်​နေ့​ အခါ​တော်သမယကြီး​မှာ မြန်မာနိုင်ငံသူ နိုင်ငံသား​အား​လုံး​ ​ဘေး​ရန်ကင်း​ရှင်း​ပြီး​ ကြံတိုင်း​အောင်၍ ​ဆောင်တိုင်း​မြောက်ကြပါ​စေ။ ပြည်သူလူထုကို ကိုယ်စား​ပြုတဲ့​ အစိုး​ရနဲ့​ အမြန်ဆုံး​တွေ့​ကြပါ​စေ။ ကမ္ဘာသူကမ္ဘာသား​အား​လုံး​ ကျန်း​မာချမ်း​သာကြပါ​စေလို့​ ဆု​တောင်း​လိုက်ပါတယ်။ ဦး​ခွန်ထွန်း​ဦး​ (ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ) [caption id="attachment_24121" align="alignright" width="300" caption="ဦးခွန်ထွန်းဦး​"][/caption] “ကျ​နော်တို့​ SNLD (ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်) ရဲ့​ ဆန္ဒအ​နေနဲ့​က​တော့​ ကိုယ်တိုင်လည်း​ အထဲမှာ ခံစား​ခဲ့​ရတယ်​လေ။ တစ်အချက်အ​နေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ရှိ​သေး​တယ်ဗျာ။ သက်ဆိုင်ရာက​နေပြီး​တော့​ အမြန်ဆုံး​ပြန်လွှတ်​ပေး​ဖို့​ မိသား​စု​တွေရဲ့​ ကိုယ်စား​ ​တောင်း​ဆိုချင်ပါတယ်။ သူတို့​လည်း​ အထဲမှာ​နေရတာ ကြာ​နေပြီကိုး​။ ဒါကို ပထမဦး​စား​ပေး​အ​နေနဲ့​ လုပ်​ပေး​ဖို့​ ​မျှော်လင့်​ပါတယ်။ ဒုတိယအ​နေနဲ့​က​တော့​ အခု သွား​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ စကား​ဝိုင်း​က ထင်သ​လောက်မ မြန်လာဘူး​ ဖြစ်​နေတယ်။ တိုင်း​ပြည်ရဲ့​ အ​ခြေအ​နေဟာ လုပ်ရင်း​နဲ့​ လုံး​လုံး​တော့​ ငြိမ်း​ချမ်း​ရေး​ ရဖို့​တော့​ တာစူ​နေပြီ​ပေါ့​။ ​ရှေ့​မတိုး​ ​နောက်မဆုတ်သာ ဖြစ်​နေတဲ့​အတွက်​ကြောင့်​ ငြိမ်း​ချမ်း​ရေး​အတွက် အမြန်အား​စိုက်ပြီး​ လုပ်ကြပါလို့​ ကျ​နော် တိုက်တွန်း​ချင်ပါတယ်။ တတိယအချက်က​တော့​ တိုင်း​ရင်း​သား​တွေ​မျှော်မှန်း​တဲ့​ စစ်မှန်တဲ့​ ဖက်ဒရယ်ပြည်​ထောင်စုနဲ့​ တန်း​တူညီတူ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​ ဆိုတာကိုလည်း​ ကျ​နော်တို့​ SNLD နဲ့​ တိုင်း​ရင်း​သား​အား​လုံး​ ရချင်တဲ့​အရာ။ အမြန်ဆုံး​ ရနိုင်ပါ​စေလို့​။” ဦး​ပူကျင့်​ရှင်း​ထန် (ဇိုမီး​အမျိုး​သား​ကွန်ဂရက်ဥက္ကဋ္ဌ) [caption id="attachment_24122" align="alignleft" width="300" caption="ဦးပူကျင့်ရှင်းထန်"][/caption] “အခုက နှစ်သစ်ကူး​တော့​မယ်။ ကျ​နော်တို့​ ​မျှော်လင့်​နေတဲ့​ဟာ နည်း​နည်း​တော့​ ​ရောင်ခြည်သန်း​လာတဲ့​သ​ဘောပါ။ ဒါ​ပေမယ့်​ သူတို့​က လွှတ်​တော်လည်း​ ​ခေါ်ဦး​မယ်၊​ လွှတ်​တော်​ခေါ်တဲ့​အခါမှာ ဘာ​တွေဖြစ်လာမယ်။ အန်အယ်လ်ဒီ ၄၃ ​နေရာ​လောက် ​အောင်မြင်တယ်ဆို​ပေမယ့်​ ဒီဟာ​တွေဟာ တကယ်ပဲ အတည်ပြုလား​၊​ အစိုး​ရအ​နေနဲ့​ ​ကြေညာတဲ့​နေရာမှာ စာရင်း​အင်း​တွေဘာ​တွေ မတင်ပြဘူး​များ​ လာမလား​။ အဲ့​ဒါ​တွေ ပူ​နေရ​သေး​တယ်။ ဘာပဲဖြစ်ဖြစ် ခါတိုင်း​ထက်​တော့​ နည်း​နည်း​ကောင်း​လာတယ်လို့​ ယူဆတယ်။ အဲဒါ​ကြောင့်​ နှစ်သစ်ကူး​မှာလည်း​ အား​လုံး​ ဒီစိတ်နဲ့​ပဲ နှစ်သစ်ကို ကူး​ကြပါစို့​လို့​ မှာကြား​လိုပါတယ်။ ၁၉၄၈ ခုနှစ်က စပြီး​တော့​ ကျ​နော်တို့​ တိုင်း​ရင်း​သား​တွေနဲ့​ ပြည်​ထောင်စုမြန်မာနိုင်ငံမှာ ပြဿနာ​တွေဖြစ်​နေတယ်၊​ ​သေနတ်သံ​တွေ အခုထိ မစဲဘူး​ဖြစ်​နေတယ်။ အား​လုံး​ နှစ်သစ်ကူး​မှာ ငြိမ်း​ချမ်း​ရေး​ ဖြစ်နိုင်ကြဖို့​ ဆု​တောင်း​ကြပါစို့​လို့​လည်း​ ကျ​နော် မှာကြား​လိုပါတယ်။ ဒေါက်တာတူး​ဂျာ (ကချင်တိုင်း​ရင်း​သား​ ​ခေါင်း​ဆောင်) [caption id="attachment_24123" align="alignright" width="300" caption="​ဒေါက်တာတူးဂျာ"][/caption] “တိုင်း​ပြည်ပိုမို​အေး​ချမ်း​သာယာပြီး​ တိုး​တက်ဖွံ့​ဖြိုး​လာ​စေဖို့​ အများ​ကြီး​ ဆု​တောင်း​ပေး​ပါတယ်။ အခု ငြိမ်း​ချမ်း​ရေး​ကလည်း​ အခုတည်​ဆောက်​နေဆဲဆို​တော့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်တဲ့​ ​နေရာမှာလည်း​ ပိုပြီး​မှန်ကန်မြန်ဆန်ဖို့​။ ထာဝရငြိမ်း​ချမ်း​ရေး​ အမြန်ရရှိ​စေချင်တယ်။ တတိုင်း​ပြည်လုံး​မှာရှိတဲ့​ ပြည်သူလူထု​တွေအား​လုံး​ ​ပျော်ရွှင်ချမ်း​မြေ့​နိုင်ဖို့​ပေါ့​။ ပြည်နယ်တခုခု၊​ ​ဒေသတခုခု ကျန်ရစ်ခဲ့​တာမျိုး​ မရှိ​စေဘဲနဲ့​ အား​လုံး​လက်တွဲညီညီနဲ့​ လက်ရည်တပြင်တည်း​နဲ့​ ​ခေတ်သစ်၊​ စနစ်သစ်မှာ အား​လုံး​ ​ပျော်​ပျော်ရွှင်ရွှင်နဲ့​ အတူယှဉ်တွဲ ​နေထိုင်သွား​ဖို့​ ကျ​နော်အ​နေနဲ့​ ဆု​တောင်း​ချင်တယ်။” ကိုကိုကြီး​ (၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်) [caption id="attachment_24124" align="alignleft" width="300" caption="ကိုကိုကြီး"][/caption] “ကျ​နော်တို့​ နှစ်တနှစ်ကုန်ဆုံး​လို့​ နှစ်တနှစ်ကူး​ပြောင်း​တယ်ဆိုတာဟာ ပြက္ခဒိန်တရွက် ပြက္ခဒိန်တအုပ် ​ပြောင်း​လိုက်တာထက် အများ​ကြီး​ ​လေး​နက်ပါတယ်။ အထူး​သဖြင့်​ ကျ​နော်တို့​နိုင်ငံက ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ကာလကို ​ရောက်​နေတဲ့​အချိန်မှာ လူ​တွေရဲ့​ စိတ်​နေစိတ်ထား​တွေ ​ပြောင်း​လဲဖို့​က သိပ်အ​ရေး​ကြီး​ပါတယ်။ ဒါမှလည်း​ နှစ်သစ်တခုကို ကူး​ပြောင်း​တယ်။ ​ခေတ်သစ်တခုကို ချဉ်း​နင်း​ဝင်​ရောက်တယ်လို့​ ​ပြောနိုင်မှာ ဖြစ်ပါတယ်။ အထူး​သဖြင့်​ ကျ​နော်တို့​နိုင်ငံမှာ အစဉ်တစိုက် ကျင့်​သုံး​လာခဲ့​တဲ့​ အမူအကျင့်​ဟောင်း​တွေ။ အဲ့​ဒါ​တွေကို ​ပြောင်း​ဖို့​လိုပါတယ်။ အဲ့​တော့​ ကျ​နော် အထူး​သဖြင့်​က​တော့​ အစိုး​ရကို ပြည်သူစိတ်​ပေါက်လာ​အောင် ​ပြောင်း​ပစ်ရမှာပါ။ ပြည်သူကိုလည်း​ အစိုး​ရစိတ်​ပေါက်လာ​အောင် ​ပြောင်း​ပစ်ရမှာပါ။ ဒါမှသာ နိုင်ငံ​တော်ရဲ့​ အချုပ်အခြာအာဏာသည် နိုင်ငံသား​များ​မှ တိုက်ရိုက်ဆင်း​သက်သည်ဆိုတဲ့​ အ​ခြေခံမူနဲ့​အညီ ပြည်သူ​တွေက အချုပ်အခြာအာဏာပိုင်တဲ့​၊​ ကိုယ့်​အ​ရေး​အရာ​တွေကို ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆုံး​ဖြတ်နိုင်တဲ့​ ​ခေတ်တ​ခေတ်ကို ​ရောက်မှာဖြစ်တယ်။ အုပ်ချုပ်သူ အစိုး​ရ​တွေကလည်း​ ကိုယ့်​ကိုကိုယ် ဘုရင်စိတ်​မွေး​နေတာ​တွေ ​ဖျောက်ပြီး​တော့​ ငါဟာလည်း​ ပြည်သူ​တွေထဲက ပြည်သူပဲ။ ပြည်သူ​တွေရဲ့​ အကျိုး​ကိုပြုဖို့​ ပြည်သူ​တွေက ​ရွေး​ချယ်ထား​တဲ့​ အစိုး​ရဖြစ်တယ်။ ပြည်သူ​တွေရဲ့​ အကျိုး​ကို ထမ်း​ဆောင်​ပေး​ရမယ့်​ တာဝန်ကို ငါတို့​ ထမ်း​ရွက်​နေတာဖြစ်တယ်ဆိုတဲ့​ အ​တွေး​မျိုး​ပေါ့​လေ။ အဲ့​လို စိတ်ကူး​ အ​တွေး​မျိုး​ ​ပြောင်း​လဲပစ်မှသာ နှစ်သစ်ကို​ပြောင်း​တယ်။ ​ခေတ်သစ်တခုကို ကူး​ပြောင်း​ဝင်​ရောက်တယ်လို့​ ​ပြောလို့​ရမှာပါ။” ကိုမင်း​ကိုနိုင် (ဂဂမျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်) [caption id="attachment_24125" align="alignright" width="300" caption="ကိုမင်းကိုနိုင်"][/caption] “ဒီနှစ်က​တော့​ ငြိမ်း​ချမ်း​ရေး​နဲ့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ဆိုပြီး​ ကျ​နော်တို့​ တပြည်လုံး​လိုက်ပြီး​တော့​ ​ဆော်ဩပြီး​တော့​ လုပ်​တော့​ ကျ​နော်တို့​ဆီကို ပြည်သူ့​နစ်နာဆုံး​ရှုံး​မှု​တွေကို ပွင့်​ပွင့်​လင်း​လင်း​ လာပြီး​တော့​ တိုင်တည်တာ​တွေ ကြုံရတဲ့​နှစ်ဖြစ်တယ်။ နှစ်ကူး​ပွဲ​တော်ကို​တောင် ကျ​နော်တို့​ ​ခေါင်း​ဖော်ပြီး​ မကြည့်​နိုင်တာကြည့်​တော့​။ ရုံး​ခန်း​ကို ​နေ့​တိုင်း​လာပြီး​တော့​ တိုင်လိုက်ကြတဲ့​ ပွင့်​ပွင့်​လင်း​လင်း​ အမှု​တွေ။ မတရား​ခံရတဲ့​ ပြည်သူ​တွေရဲ့​ ဘဝ​တွေ။ ဒါ​တွေကို ဖတ်ရ ကြား​ရ နား​ထောင်ရ ပြန်ပြီး​တော့​ အား​ပေး​ရ။ ဒါ​တွေကို တကမ္ဘာလုံး​ သိ​အောင် အာဏာပိုင် အဖွဲ့​အစည်း​အဆင့်​ဆင့်​ သိ​အောင်။ အ​ရေး​ယူ​ဆောင်ရွက်​ပေး​မှု​တွေရှိ​အောင် လုပ်​ပေး​ရတဲ့​အတွက် ဒီနှစ်ကူး​ကို​တော့​ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ အသက်ဝင်တဲ့​အ​နေနဲ့​ ဝမ်း​မြောက်စရာဖြစ်တယ်ဆိုတဲ့​ အချက်နဲ့​တင် နှစ်သစ်ကူး​ကို ကြိုဆိုဖို့​ အခွင့်​အ​ရေး​သာပါတယ်။ နောက်တခုက အ​ကြောင်း​အမျိုး​မျိုး​ကြောင့်​ အိမ်မပြန်နိုင်​သေး​ကြတဲ့​ ​ထောင်ထဲမှာ ရှိတဲ့​ လက်ကျန် ကျ​နော်တို့​ ရဲ​ဘော်​တွေ​ရော၊​ နိုင်ငံတကာမှာ​ရောက်​နေတဲ့​ ကျ​နော်တို့​ ရဲ့​ ​သွေး​ချင်း​ညီအစ်ကို​မောင်နှမ​တွေ အား​လုံး​ရော​ပေါ့​ဗျာ။ ပြည်တွင်း​က​နေ ဒီမှာ ပိ​တောက်​တွေလည်း​ ပွင့်​နေပြီဗျာ။ သင်္ကြန်​တေး​နဲ့​ တူး​ပို့​တူး​ပို့​ဗုံသံ​တွေလည်း​ ကြား​နေရတယ်ဆို​တော့​ ကျ​နော် သူတို့​အား​လုံး​ကို လွမ်း​တယ်။ သူတို့​အား​လုံး​နဲ့​ အ​မေ့​အိမ်မှာ ပြန်ဆုံပြီး​တော့​ မုန့်​လုံး​ရေ​ပေါ် စား​ချင်တယ်။ အဲ့​ဒီ ကျ​နော်တို့​အား​လုံး​ရဲ့​ ဆန္ဒ​တွေ ဒီနှစ်ကူး​မှာလည်း​ ပြည့်​ဖို့​ မ​သေချာသလို ခံစား​နေရတဲ့​အခါ စိတ်ထဲမှာ​တော့​ လွမ်း​လွမ်း​ဆွေး​ဆွေး​ကြီး​ ဖြစ်တာ​ပေါ့​။ ဒါ​ပေမယ့်​ မကြာခင်မှာ ကျ​နော်တို့​ အား​လုံး​ပြန်ဆုံနိုင်​အောင် ပြန်လာချင်တဲ့​သူအား​လုံး​လည်း​ ဂုဏ်သိက္ခာရှိရှိနဲ့​ ပြန်လာနိုင်​အောင် ကျ​နော်တို့​ ကြိုး​စား​မယ်။ ​ခေါင်း​ငုံ့​ပြီး​တော့​ ပြန်လာရတာမျိုး​ မလိုချင်ဘူး​။ အပြစ်မရှိဘဲနဲ့​ အမှန်တရား​အတွက် တိုက်ပွဲဝင်သွား​ကြတဲ့​ လူတိုင်း​ဟာ ​ခေါင်း​မော့​ရင်​ကော့​ပြီး​တော့​ ပြန်လာရမယ်။ သူတို့​ ပြန်လာပုံပြန်လာနည်း​ကို ကျ​နော်တို့​ ကြိုး​စား​နေတာ။ အကုန်လုံး​ပြန်ဆုံကြတဲ့​ အခါ ဧရာဝတီဆိုတဲ့​ ကျ​နော်တို့​ရဲ့​ မိခင် မြစ်ကမ်း​န​ဘေး​မှာ ဧရာဝတီနဲ့​တကွ မြန်မာပြည် တခုလုံး​ကို ကျ​နော်တို့​ ဆက်ပြီး​ ကာကွယ်​စောင့်​ရှောက်ဖို့​ ​နောင်လာမယ့်​ မျိုး​ဆက်သစ်​တွေ လက်ထဲကို ပို​ကောင်း​တဲ့​အနာဂတ်တခု လက်လွှဲနိုင်ဖို့​အတွက် ကျ​နော်တို့​ အား​လုံး​ ညီအစ်ကို​မောင်နှမ​တွေ ပြန်ဆုံပြီး​တော့​ အလုပ်​တွေ လုပ်ကြရဦး​မယ်။ အား​လုံး​ကိုလည်း​ ကျ​နော်တို့​ ​မျှော်လင့်​နေတယ်။ ကြိုဆို​နေတယ်လို့​ ​ပြောရင်း​နဲ့​ နှစ်သစ်ကူး​ နှုတ်ခွန်း​ဆက်ပါတယ်။” ဆရာ​ကျော်ရင်မြင့်​ (စာ​ရေး​ဆရာ) [caption id="attachment_24126" align="alignleft" width="300" caption="ဆရာ​ကျော်ရင်မြင့်​"][/caption] “လာမယ့်​နှစ်သစ်မှာ ကျ​နော်တို့​ မြန်မာနိုင်ငံသူနိုင်ငံသား​အား​လုံး​က ညီညီညွတ်ညွတ်နဲ့​ တိုင်း​ပြည်ထူ​ထောင်​ရေး​ကို အတူလက်တွဲပြီး​ လုပ်နိုင်ကြပါ​စေလို့​ ကျ​နော် ဆု​တောင်း​ပါတယ်။ နိုင်ငံကို ဦး​ဆောင်​နေတဲ့​ လူကြီး​ပိုင်း​ကလူ​တွေကလည်း​ မျှမျှတတ အ​မြော်အမြင်ရှိရှိနဲ့​ ပြည်သူလူထုကို ဦး​ဆောင်ပြီး​တော့​ အများ​အတွက် ​ကောင်း​ကျိုး​ဖြစ်မယ့်​ အလုပ်​တွေ ဦး​စား​ပေး​လုပ်နိုင်ကြပါ​စေလို့​ ဆု​တောင်း​ပါတယ်ဗျာ။”

A d v e r t i s e m e n t With Us

More News
Up