Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ်ဟောပြောပွဲ ကော့သောင်းတွင် ပြုလုပ်
DVB
·
December 3, 2017
  ငြိမ်းချမ်းရေးလှုပ်ရှားမှု ရက်သတ္တပတ် (တနသာင်္ရီတိုင်းဒေသကြီး) ငြိမ်းချမ်းရေးဟောပြောပွဲကို ကော့သောင်းမဉ္ဇူသကခန်းမရှေ့မှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့က ငြိမ်းချမ်းရေး ဘာကြောင့်လိုအပ်လဲ၊ ငြိမ်းချမ်းရေးအရေးကြီးပုံ၊ စစ်နဲ့ ငြိမ်းချမ်းရေး စတာတွေကို ဟောပြောခဲ့ ကြပြီး ဟောပြောပွဲမှာ အဆိုတော်နောင်ရိုး၊ လင်းလင်းတို့နဲ့အတူ ဒေသခံတီးဝိုင်းအဖွဲ့ဖြစ်တဲ့ Elfin Music Band နဲ့အတူ တီးခတ်ဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင် ကာတွန်းမောင်မောင်ဖောင်တိန်နဲ့ အဖွဲ့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကာတွန်းတွေကို ရေးဆွဲပြသကြပြီး အခမ်းအနားအပြီးမှာ ပရိတ်သတ်များ ပါပါဝင်ကာ ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းခဲ့ကြပါတယ်။ ကော့သောင်းမြို့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုထင်ကျော်က “ကျနော်တို့ ဒီပွဲကိုဘာကြောင့်ပြုလုပ်ရတာလဲ ဆိုတော့ (၂၁)ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြီးတော့ ငြိမ်းချမ်းရေးရမှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင် မယ်။ ဒီလို ပြင်ဆင်နိုင်မှ နိုင်ငံတော်တိုးတက်မယ်ပေါ့။ ဒီတော့ ငြိမ်းချမ်းရေးလှုပ်ရှားမှုအနေနဲ့ ဒီလိုဟောပြောပွဲတွေကို ပြုလုပ်တာဖြစ်တယ်”လို့ ပြောပါတယ်။ ဒီဟောပြောပွဲကို တနိုင်ငံလုံးမှာ ပြုလုပ်မှာဖြစ်ပြီး တနင်္သာရီတိုင်းမှာ ဒီဇင်ဘာ ၂၊ ၃၊ ၄၊ ၅ ရက်တွေမှာ တနသာင်္ရီ၊ မြိတ်၊ ထားဝယ်မြို့တွေမှာ ဆက်တိုက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။ သတင်း - လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024