A d v e r t i s e m e n t With Us

ဝ ကိုယ်အုပ်ချုပ်ခွင့်ရ ဟိုပန်မြို့ ၀န်ထမ်းအိမ်ရာ မီးလောင်

ဝ ကိုယ်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့မှာ ဒီနေ့ မနက်ပိုင်းက ဝန်ထမ်းအိမ်ရာမှာ မီးလောင်ခဲ့တယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ ရုံးကုန်းရပ်ကွက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် မိုင်းမောဝန်ထမ်းအိမ်ရာ နဲ့ ပန်ဝိုင်ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ အဆောက်အအုံ ၂ ခု လောင်ကျွမ်းခဲ့တာပါ။ ဘုရားမီးပူဇော်တဲ့ ဖယောင်းတိုင်က တဆင့်လောင်တယ်လို့ သိရပြီး မနက် ၇ နာရီခွဲမှာ ငြိမ်းသတ်နိုင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up