A d v e r t i s e m e n t With Us

အီတလီတွင် ရေဆင်နှာမောင်းမှ လေဆင်နှာမောင်းအသွင်ပြောင်း တိုက်ခတ် (ရုပ်သံ)

အီတလီနိုင်ငံကမ်းရိုးတန်းမှာ ထိတ်လန့်ဖွယ် ရေဆင်နှာမောင်းတခုဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါရေဆင်နှာမောင်းဟာ ကုန်းတွင်းပိုင်းဆီ လေဆင်နှာမောင်းအဖြစ် အသွင်ပြောင်းပြီး ၀င်ရောက်တိုက်ခတ်ခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ်းရိုးတန်းမြို့တမြို့ဖြစ်တဲ့ ဆန်ရေမိုမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီတိုက်ခတ်မှုကြောင့် မြို့အတွင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရေဆင်နှာမောင်းဟာ ရေပြင်ပေါ်ကနေ ထိတ်လန့်ဖွယ် တိုးထွက်နေခဲ့ပြီးနောက်မှာ ကုန်းတွင်းပိုင်းဆီ ဦးတည်ကာ ၀င်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ထိခိုက်ဒဏ်ရာရသူ တယောက်မှတော့ မရှိခဲ့ဘူးလို့ သတင်းက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up