Home
မြန်မာသတင်း
ဘီးလင်းမြို့တွင် အမျိုးသမီးတဦး ရေတွင်းထဲပြုတ်ကျ သေဆုံး
DVB
·
December 2, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ အေးသာယာလမ်းရှိ ဦးအောင်နိုင်ဦး ပိုင်ဆိုင်တဲ့ လယ်ကွက်အတွင်းရှိ ရေတွင်းထဲမှာ ဒီဇင်ဘာ ၁ ရက်နေ့က အသက် ၆၀ ကျော် အမျိုးသမီးတဦး သေဆုံးလျှက်တွေ့ရှိခဲ့တယ်လို့ ဘီးလင်းရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ ဦးအောင်နိုင်ဦး (ခ) ခေါက်ထီးရဲ့ လယ်ကွက်အတွင်းရှိ လူသွားလမ်းငယ်ဘေး ကပ်လျက် အကျယ် ၅ ပေ၊ ရေတွင်းအနက် ၁၉ ပေ၊ ရေအနက် ၁၅ပေရှိတဲ့ အကာအရံမဲ့ ရေတွင်းအတွင်း ဒေါ်သန်းလှ (၆၃) နှစ်မှာ မှောက်လျှက်အနေအထားနဲ့ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဘိုးရာဇာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဖုန်းနိုင်က “အောင်နိုင်ဦး(ခ)ခေါက်ထီးက သူ့လယ်ထဲမှာ စိုက်ထားတဲ့ ကျောက်ဖရုံသီးတွေကို အားတိုးဆေးဖြန်းဖို့ ရေတွင်းက ရေကိုခပ်တော့မှ ရေတွင်းထဲက အမျိုးသမီးအလောင်းတွေ့လို့ ကျနော့်ကို အကြောင်းကြားတာနဲ့ သွားကြည့်ခဲ့တာပါ။ သေဆုံးသူရဲ့တူမဖြစ်တဲ့ မခင်ပြုံးရင်ပြောပြချက်အရဆိုရင် ဒေါ်သန်းလှမှာ ခန္ဓာကိုယ် အကြောအားနည်းတဲ့ ရောဂါရှိပြီး သွားလာလှုပ်ရှားတဲ့ နေရာမှာလည်း ခြေတုန်လက်တုန် သွားလာလေ့ရှိတယ်” လို့ပြောပါတယ်။ ဘီလင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၇ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟု စစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး ဓာတ်ပုံ-Min Zin Than
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024