A d v e r t i s e m e n t With Us

အီရန်တွင် ငလျင်လှုပ်၊ ၄၂ ဦး ဒဏ်ရာရ

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဒီဇင်ဘာ ၁ ရက်နေ့က အင်အားရစ်ခ်ျစတာ စကေး ၆ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ရှာဟိဒ် ချမ်ရန် တက္ကသိုလ်က ကျောင်းသားတွေ ခြံစည်းရိုးဆီကို ပြေးခဲ့ကြ တာပါ။ နိုဝင်ဘာ ၁ ရက်နေ့ အစောပိုင်းက တမြို့လုံး ငလျင်လှုပ်တာ ဖြစ်ပြီး ငလျင်ကြောင့် လူအနည်းဆုံး ၄၂ယောက် ဒဏ်ရာရတယ်လို့ အီရန်လခြမ်းနီအဖွဲ့အကြီးအကဲက ပြောပါတယ်။ သေဆုံးသူ အစီရင်ခံတာ မရှိသေးဘူးလို့ အစိုးရ မီဒီယာက ကြေညာပါတယ်။ ငလျင်ကြောင့် ဟာ့ဂ်ျဒက်ခ်ရွာမှာ အကြီးအကျယ် ပျက်စီးပြီး တချို့ရွာတွေမှာ ရေနဲ့မီး ပြတ်တောက်ခဲ့တာပါ။ အရေးပေါ် ယာယီတဲတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို ငလျင်ဒဏ်သင့် ဒေသဆီ ပို့ပေးပြီးပြီလို့ လခြမ်းနီအသင်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up